Main menu

Background

ပစ္စည်းကောင်းရဖို့ ကျေးရွာအထိ ဆင်းဝယ်ရတဲ့ ရှမ်းနနွင်းဈေးကွက

Wed, 06/11/2014 - 08:42 -- ydnar

 
ရှမ်းနနွင်းလည်းအရောင်းအဝယ်သွက်နေပါတယ်။ မေလကစပြီး ယခင်အပတ်အထိ နနွင်းပိဿာချိန်တစ်သိန်း လေးထောင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အခုလော လောဆယ်တော့အဝင်ကလည်းနည်းသွားပါတယ်။ ဝယ်လက် မရှိတုန်းက ဝယ်လက် ကိုစောင့်နေရပြီးဝယ်လက်လည်းရှိရောပစ္စည်းကမရှိဘူးဖြစ်နေပါတယ်။ရန်ကုန်ဝယ်လက်နဲ့စစ်တွေဝယ်လက်တွေကတော့ ပြည်ပ တင်ပို့ဖို့ အတွက် ဝယ်ယူနေတုန်း ပါပဲ။

ဆင်တောင်နနွင်းကို လိုချင်ပေမဲ့ ဆင်တောင်နနွင်းက များများစားစား မထွက်ပြန်ပါဘူး။ ထိပ်စက ပိုပြီးနည်းတယ်လို့ သိရပါတယ်။ဝယ်လက်တွေကလည်းပစ္စည်းရချင်တာကြောင့် အောင်ပန်းဈေးကွက် တစ်ခုတင်မကဘဲ ဟဲဟိုး ဈေးကွက် အထိပါ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ အရင် ကတော့ ဟဲဟိုး၊ ပင်းတယ၊ အင်းလေးစတဲ့ မြို့တွေက ထွက်တဲ့ နနွင်း တွေက အောင်ပန်းဈေးကွက်ကိုသာ အလုံးအရင်းလိုက် ဝင်ကြတာကြောင့် ပစ္စည်းကလည်းများပါတယ်။ အခုနောက်ပိုင်း ဝယ်လက်တွေက ရွာတွေအထိပါဆင်းပြီး ဝယ်နေကြလို့ အောင်ပန်းဈေးကွက်ကို အရင်ကလောက်အဝင် မရှိတော့ လို့ အဝင်နည်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ ဟိုပုံး၊ အောင်ပန်းနနွင်းက ၁၂၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၇၀၀ ကျပ်-၁၈၀၀ ကျပ်ဈေးရှိပါ တယ်။