ပခုက္ကူစားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီအဝင်တွေကို လေ့လာကြည့်ရင် မတ်လကုန်၊ ဧပြီလဆန်းမှာ ဖြိုင်ဖြိုင်ပေါ် တာဆိုေ တာ့ ဧပြီလကစလို့တွက်ကြည့်ရင် ပေါက်မြို့နယ်မှ ပခုက္ကူမြို့ပေါ်အဝင် ဧပြီလမှာ ၃၄၁၀၀၀ ပိဿာ (တန်ချိန် ၅၅၇ တန်) ၊မေလ မှာ၆၇၂၀၀၀ ပိဿာ (တန်ချိန် ၁၀၉၈ တန်)၊ ဇွန်လ ၄ ရက်နေ့ထိ ၁၁၅၀၀၀ ပိဿာ (တန်ချိန် ၁၈၈ တန်) အဝင်ရှိနေတာဆိုတော့ ဧပြီလ ၊ မေလ၊ ဇွန်လ ၄ ၇က်နေ့အထိ အဝင်ပိဿာချိန်စုစုပေါင်း ၁၁၂၈၀၀ ပိဿာ (တန်ချိန် ၁၈၄၃ တန်) အဝင်ရှိတယ်လို့ သုံးသပ်ရမှာပါ။
စီးထွက်မှုအနေနဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီစသဖြင့် အထွက်ဟာ ပိဿာချိန် ၁၉၀၀၀၀ နီးပါး (တန်ချိန် ၃၀၀) လောက်ဆိုတော့ မြို့ပေါ်မှာ တန်ချိန် ၁၅၀၀ ကျော်လွန်တယ်လို့ ခြုံငုံသုံးသပ်ကြရပေ မဲ့ ဒေသတွင်းအသုံး ဆိုတာရှိနေမှာ ပါ။ ကျောင်းတွေ ပိတ်တုန်း က ပြုလုပ်ခဲ့ကြတဲ့အလှူတွေ၊ အခုအချိန်မှာမင်္ဂလာဆောင်စတာ တွေမှာအထူးအသုံးပြုကြမှာပါ။ နေ့စဉ်စားသောက်ဆိုင်၊ အိမ်တွင်း သုံးဆိုတာလည်းရှိနေလေတော့ ပခုက္ကူမြို့ပေါ်မှာခန့်မှန်းခြေတန် ၁၀၀၀ ပတ်လည်မှာရှိနေမယ်လို့ခန့်မှန်းရပါတယ်။ဝါရ င့်ကြက်သွန် ပွဲစားကြီးတစ်ဦးကတော့ နယ်မှာလည်း လက်ကျန်တော်တော်များများ ရှိနေမယ်လို့ ခန့်မှန်းပါ တယ်။ ဒိုင်ပြတ်ဈေး များအနေ နဲ့ မေလနောက်ဆုံးပတ်ကနေ ယခုအချိန် ဇွန်၄ ရက်နေ့အထိထိပ်စတစ်ပိဿာ ၃၈၅ကျပ်၊ လတ်စတစ်ပိဿာ ၃၅၀ ကျပ်၊ အောက်စ တစ်ပိဿာ ၂၀၀ ကျပ်ဈေးတွေမှာ တန်းနေတာကို လေ့လာတွေ့ရှိရပါ တယ်။ လက်လီအနေနဲ့ကတော့ ပခုက္ကူဈေးတစ်ပတ်လည်မှာ သန့်စင်မှု၊ အလုံးညီမျှ ကြီး၊ လတ်၊ သေးစတာတွေ ခွဲခြားပြီး တစ်ပိဿာ ၅၅၀ ကျပ်၊ ၅၀၀ ကျပ်၊ ၄၀၀ ကျပ်၊ ၃၀၀ ကျပ် ဈေးတွေနဲ့ ရောင်းဝယ်နေကြတာကိုလည်း တွေ့ရပါတယ်။ အဝင်အနေနဲ့ကေ တာ့ နေ့စဉ်ပိဿာချိန် သုံးသောင်းနဲ့ လေး သောင်းကြားမှာ ပုံမှန်ဝင်နေတာ တွေ့ရပါတယ်။ ကြက်သွန် ဆိုတာ လျော့တတ်တဲ့အမျိုးပါ။ ယခုအနေအထားက ထိပ်စ ၃၈၅ ကျပ်၊ လတ်စ ၃၅၀ အောက်စ ၂၀၀ ကျပ်မျိုးဆိုတဲ့ဈေး တွေဟာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ေ တာင်သူတွေအဖို့ သင့်တင့် မျှတတဲ့ဈေးနှုန်းလို့ သုံးသပ်နေကြကြောင်းပါ။
