၂၀၁၅ ခုနှစ် ဆန်တင်ပို့မှု ရည်မှန်းချက် တန် တစ်သန်း ပြည့်မီရေးအတွက် ကမ္ဘောဒီးယားအစိုးရခေါင်းခဲ

 
၂၀၁၅ ခုနှစ်ကုန်မှာ ဆန်တန် ချိန်တစ်သန်းတင်ပို့မယ့် လျာထားချက် ပြည့်မီဖို့အလားတူ နှစ်စဉ်ပိုလျှံ ဆန်တန်ချိန် တစ်သန်းဆက်လက်ထားရှိ နိုင် ဖို့အကူအညီဖြစ်စေရေးအတွက် ကမ္ဘော ဒီးယားအစိုးရနဲ့ ဆန်တင်ပို့သူများ ဟာ တောင်သူ  များကိုအရည်အသွေးမြင့် ဆန်ထုတ်လုပ်ဖို့တိုက်တွန်းလျက်ရှိတယ် လို့ပြည်တွင်း သတင်းများ မှာဖော်ပြ ထား ကြောင်း သိရပါတယ်။ ဆန်အရည်အသွေးကို မြှင့်တင်မှု မရှိရင် အစိုးရအနေနဲ့ ၎င်းင်းရဲ့ ဆန် တင် ပို့မှုနဲ့ ပိုလျှံဆန်လျာထားချက်များ ပြည့် မီနိုင် မှာ မဟုတ်ဘူးလို့ ''ဆန်တန်ဖိုး မြှင့် ကွင်းဆက်တိုးတက်ရေးနှင့်တောင်သူ များ၏လူနေမှုဘဝမြှင့်တင်ရေး''ခေါင်းစဉ် နဲ့ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြော ကြားကြောင်း စိုက်ပျိုး ရေးဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်မှ သိရပါတယ်။ဆန်ထုတ်လုပ် သူများဟာယင်းမူဝါဒများကို အကောင် အထည်ဖော်ဖို့ အရေးပါသူများ ဖြစ်ပြီး ထိပ်တန်း အဖွဲ့ အစည်းကတော့ အဆင် ပြေအောင် ဆောင်ရွက်ပေးရုံသာဖြစ် တယ်လို့လည်း ၎င်းင်းက ထပ်လောင်း ပြောကြားပါတယ်။

 
ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ ကမ္ဘောဒီးယားပြည်သူ ၉ သန်းခန့်ရှိတဲ့အနက် ၄၀ ရာခိုင်နှုန်းခန့် သာဆန်တင် ပို့ဖို့အတွက်သင့်တော်တဲ့ဆန်ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့လည်း ၎င်းက ပြောကြားပါတယ်။ ဒါကြောင့် ၎င်းတို့ ထုတ်ကုန်များေ ဈး ပိုမိုရရှိရေး ၎င်းင်းတို့ရဲ့အားသာချက်စွမ်းအားများကို တိုးတက်ဖို့နဲ့ အတူတကွလုပ်ကိုင်ကြ ဖို့အပြင် အရည်အသွေးမြင့် မျိုးစေ့ များဝယ်ယူမှုမှာရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်း ကြောင်း သိရပါတယ်။ အစိုးရမှ လယ်ယာစိုက်ပျိုးမှုနည်းပညာသစ်များ ချမှတ်မှုမှာေ တာင်သူများကိုလေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့လည်း ၎င်းက ထုတ် ဖော် ပြောကြားပါတယ်။ ဒါပေမဲ့ မျိုးစေ့အ တွက်ထောက်ပံ့မှုပေးဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ အနာဂတ်အသုံး ပြုဖို့ အရည်အသွေးကောင်းမျိုးစေ့များ သိုလှောင်ရေးအတွက် စီစဉ်ဖို့နဲ့ အစု အဖွဲ့တည်ထောင်ဖို့ လည်းတိုက် တွန်း ကြောင်းသိရ ပါတယ်။
ယင်းအလုပ်ရုံဆွေးနွေးပွဲမှာ ဆန်တင်ပို့သူများပေးဝယ်တဲ့ဈေးက ထုတ်လုပ်မှုစရိတ်ကာမိအောင် လုံလောက်မှုမရှိတဲ့ အလွန်နိမ့်တဲ့ဈေးနဲ့၎င်းတို့ဆန်များကို ပေးဝယ်ကြတယ်လို့လည်း တောင်သူများရဲ့ကိုယ်စားလှယ်များက ပြစ်တင်ေ ဝဖန်ကြောင်း လည်းသိရပါတယ်။၎င်းတို့ကအရည်အသွေးကောင်းမျိုးစေ့နဲ့ ခေတ်မီလယ် ယာသုံးနည်းပညာများမှာ ရင်းနှီးမြှုပ်နှံ နိုင်လော က်အောင်သင့်တော်တဲ့ ဈေး ပေးဖို့လည်း တောင်းဆိုကြကြောင်း သိရ ပါတယ်။ တောင်သူများအနေနဲ့ ၎င်းင်းတို့ အကျိုးအမြတ် မှာ မဖြစ်စလောက်သာ ဖြစ်နေတာကိုစိုးရိမ်ကြောင်းလည်း ပြောကြားတယ်လို့ သိရပါတယ်။ ''တောင်သူအများစုဟာ ၎င်းတို့ ဝမ်းရေးဖူလုံမှုအတွက် လယ်ယာစိုက်ပျိုး ခြင်းဆိုတဲ့ စိတ်ကူးနဲ့သာနစ်နေကြတယ်၊ အရည် အသွေးကောင်းမျိုးစေ့များနဲ့ အော်ဂဲနစ်မြေသြဇာများ အသုံးပြု ခြင်းဖြင့် အထွက်နှုန်းမြင့်စေဖို့ နည်း လမ်းများ အလားတူနိုင်ငံ တကာစံနှုန်း များနဲ့ ပတ်သက်လို့ ပညာပေးဖို့ လိုအပ် နေတယ်''လို့ကမ္ဘောဒီးယားစိုက်ပျိုးရေး လေ့လာမှုနဲ့ ဖွံ့ဖြိုးမှုစင်တာ ဥက္ကဋ္ဌ မှ ပြောကြားကြောင်း သိရပါတယ်။ယင်း ပြဿနာများကိုဖြေရှင်းဖို့ ရည်ရွယ်ပြီး အသစ်ဖွဲ့စည်းတဲ့ ကမ္ဘောဒီးယား ဆန် အဖွဲ့က ဘယ်လိုဆောင်ရွက်မလဲဆို တာစောင့်ကြည့်ဖို့ပဲရှိတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၁၄ ခုနှစ် ပထမ ၄ လအတွင်းဆန် တန်ချိန် ၁၂၀,၂၉၁ ဝန်းကျင်တင်ပို့ခဲ့လို့ ၂၀၁၃ ခုနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၁၈ç၅၀၄ ထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ One Window Service အတွင်းရေးမှူးရုံးမှ စာရင်းများအရသိရပါတယ်။ ၂၀၁၃ ခုနှစ်တစ်နှစ်လုံးမှာ စုစုပေါင်းဆန်တန် ချိန် ၃၇၈ç၈၅၆ တင်ပို့ခဲ့ပြီး ၂၀၁၂ မှာ တန်ချိန် ၂၀၅ç၇၁၇ ခန့် တင်ပို့ခဲ့လို့ ၈၄ ရာခိုင်နှုန်းခ န့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနမှ ခန့်မှန်းချက်အရ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ ၂၀၁၄ မှာဆန်တန်ချိန် တစ် သန်းနဲ့ ၂၀၁၅ မှာတန်ချိန် ၁ ဒသမ ၂ သန်းခန့် တင်ပို့နိုင်လိမ့်မယ်လို့ဆိုပါ တယ်။ ယင်းခန့်မှန်းချက်ထဲမှာ ထိုင်းနဲ့ ဗီယက်နမ်ကို တရားမဝင် တင်ပို့မှုအပါ အဝင်ဖြစ်တယ်လို့သိရပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံဟာပြည်ပတင်ပို့ဖို့နဲ့ ပြည် တွင်းသုံးအတွက်ပါ ဆန်ကြိတ်ခွဲဖို့ ထိုင်းနဲ့ ဗီယက်နမ်သို့စပါးများကိုလည်းတရားမဝင် တင်ပို့ကြောင်း သိရပါတယ်။