ပြီးခဲ့သည့်လလယ်ပိုင်းကတည်း က မြင့်တက်လျက်ရှိသည့် ငွေလဲနှုန်း များသည် ဆက်လက်မြင့်တက်လျက် ရှိပြီး အတက်ဖက်သို့ ဦးတည်နေ ကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။''ငွေဈေးက ပြီးခဲ့တဲ့အပတ်က တည်းက တက်နေတာ။ ဈေးတက်လာ တဲ့အတွက် ဝယ်တဲ့သူတွေလည်း လိုက် လာ တယ်။ ရွှေဈေးက အကျဆိုတော့ ဒေါ်လာဖက်ကို လှည့်လာကြတာ များ ပါတယ်။ နိုင်ငံတကာမှာလည်း ဒေါ် လာဈေးကလည်း တက်လာတယ်၊ စတော့ရှယ်ယာဈေးတွေကလည်း တက်လာတယ်ဆိုတော့ ဒီမှာလည်း ဈေးတွေ တက်လာရတာပါ။
ဈေး တက်တယ်ဆိုပေမယ့်လည်တစ်ဟုန် ထိုးတက်လာတာမျိုးတော့မဟုတ်ပါဘူး။ တစ်ပတ်ကို သုံးကျပ်လေးကျပ်လောက် တက်လာ တဲ့သဘောပါ။ ဈေးတက်တယ်။ ပြီးတော့ တစ်ပတ်လုံး အဲဒီ ဈေးနဲ့ပဲ ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ်နေကြတာ။ ဘဏ်တွေ မှာတော့ ဝယ်ဈေးနဲ့ရောင်းဈေးက ရှစ်ကျပ် လောက် ကွာနေတယ်။ ဝယ်ဈေးက ၉၆၄ကျပ်၊ ရောင်းဈေးက ၉၇၂ကျပ် နဲ့ ရောင်း ဝယ်နေကြတယ်။ ဗဟိုဘဏ်က လည်း ဒီတစ်ပတ်မှာ ရည်ညွှန်းငွေလဲ နှုန်းကို ၉၆၆ကျပ်သတ်မှတ်ထားတော့ အဲဒီအပေါ်မှာ အခြေခံပြီး ရောင်းဈေး ဝယ်ဈေးကို သတ်မှတ်နေကြတာပါ''ဟု ငွေဈေးကွက်အတွင်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားခဲ့သည်။သိမ်ဖြူငွေလဲစင်တာတွင် ဇွန်လ ၂ရက်နေ့က ရောင်းဈေး ၉၇၂ကျပ်၊ ဝယ်ဈေး ၉၆၄ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပြီး ဇွန်လ ၆ရက်နေ့တွင် ဝယ် ဈေး ၉၆၅ကျပ်၊ ရောင်းဈေး ၉၇၂ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ပြင်ပငွေလဲစင်တာတွင် ယခုတစ် ပတ်အတွင်း ရောင်းဈေး ၉၆၉ကျပ်၊ ဝယ်ဈေး ၉၆၈ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရ သည်။