၂၀၁၄ မေလ ၂၅ ရက်မှ မေလ ၃၁ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ငါးသောင်း တစ်ထောင်ကျော် ရှိခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန်လေးသောင်းငါးထောင်ကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာတန်ချိန် တစ်သောင်း နှစ်ထောင်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း သုံးထောင်ကျော်အ ဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ် ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပေမဲ့ နယ်စပ် လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ
ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ဈေးနည်းနည်းမြင့်လာတာက ဆင်မင်း (ကျောက် ဆည်)တစ်မျိုးသာ တစ်ရာဝန်းကျင်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ေ ဈးမှာ အေသုံးလုံးဘိလပ်မြေ ၄၉၀၀ ကျပ်၊ မြန်မာဆင် ၄၇၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၄၇၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင် (ထိုင်း) ၆၉၀၀ ကျပ်၊စိန်(ထိုင်း) ၆၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၈-၂၉ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ
ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအေးတာကြောင့် ဘိလပ်မြေများ ဈေးကျလာတယ်လို့ သိရပါတယ်။ ထိုင်း နိုင်ငံထုတ် ဘိလပ်မြေများက တစ်ရာဝန်းကျင်ဈေးကျပြီး ပြည်တွင်းဖြစ် ဘိလပ် မြေများမှာဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၅၀၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၂၂၅ကျပ်၊စိန်ဘိလပ်မြေ ၄၈၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ
ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိ သလိုဘိလပ်မြေဈေး ကလည်း ငြိမ်နေတယ်လို့သိရပါတယ်။ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မက်စ် (မြန်မာ) ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၇၀၀ ကျပ်၊ မြင်းခေါင်း ၄၆၀၀ ကျပ်၊ဆင် (မြန်မာ)၄၇၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းေ ရာင်း ဝယ် ရေးဆိုင်မှ သိရှိ ရပါတယ်။တောင်ကြီးဈေးကွက်မှာ
ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ဖြစ်ပေမဲ့ ဒီတစ်ပတ်မှာ ဘိလပ်မြေ ဈေးမတက်ဘူးလို့ သိရပါတယ်။ စိန်က လူကြိုက်များတယ်။အဝယ်လိုက်တယ်။လုပ်ငန်းသမားတွေကနဂါးဘိလပ်မြေကို ပိုပြီးကြိုက်ကြတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ စိန်ဘိလပ်မြေ ၇၇၀၀ ကျပ်၊ ခြင်္သေ့ ဘိလပ်မြေ ၅၀၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၀၀၀ ကျပ်၊ နဂါးဘိလပ်မြေ ၅၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။