Main menu

Background

အီးယူ၏ အလုပ်လက်မဲ့နှုန်း ကျဆင်း

Fri, 06/13/2014 - 04:13 -- ydnar

 
၂၀၁၄ ခုနှစ်၊ မတ်လတွင် အီးယူ ၏အလုပ်လက်မဲ့နှုန်းသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလ တွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်းသို့အနည်း ငယ်ကျဆင်းလာကြောင်း၊ အလားတူ ၂၀၁၄ ခုနှစ်၊ မတ်လတွင် ယူရိုဇုန်၏ အလုပ်လက်မဲ့နှုန်းသည် ၁၁ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်းသို့အနည်း ငယ်ကျဆင်းခဲ့ကြောင်း၊

၂၀၁၄ ခုနှစ် ဧပြီလတွင်အီးယူတွင်အလုပ်လက်မဲ့ဦး ရေသည် ၂၅ ဒသမ ၄၇၁ သန်းခန့်ရှိခဲ့ပြီး ယူရိုဇုန်တွင် ၁၈ ဒသမ ၇၅၁ သန်း ခန့်ရှိ ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မတ်လနှင့် နှိုင်းယှဉ်ပါက ဧပြီလတွင် အလုပ်လက် မဲ့ဦးရေသည် အီးယူ၌ ၁၅၁၀၀၀ ဦးနှင့် ယူရိုဇုန်၌ ၇၆၀၀၀ ဦးလျော့နည်းခဲ့ ကြောင်း၊ ၂၀၁၃ ခုနှစ် ဧပြီလနှင့်နှိုင်း ယှဉ်ပါက ၂၀၁၄ ခုနှစ် ဧပြီလတွင် အ လုပ်လက်မဲ့ဦးရေသည် အီးယူ ၌ ၁ ဒသမ ၁၆၇ သန်းခန့်နှင့် ယူရိုဇုန်၌ ၄၈၇၀၀၀ ခန့်လျော့နည်းခဲ့ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် အလုပ် လက်မဲ့နှုန်း အနည်းဆုံးနိုင်ငံများမှာ သြစတြီးယားနိုင်ငံ ၄ ဒသမ ၉ ရာခိုင် နှုန်း၊ ဂျာမနီနိုင်ငံ ၅ ဒသမ ၂ ရာခိုင် နှုန်းနှင့် လူဇင်ဘတ်နိုင်ငံ ၆ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြစ်ပြီး အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးနိုင်ငံများမှာ ဂရိနိုင်ငံ ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံ ၂၅ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အီးယူစာရင်းအင်းရုံးက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်း အချက်အလက် များ အရ သိရှိရပါသည်။