ဝင်ငွေနည်း ပြည်သူများကို တိုက်ရိုက်ထိမှန်သော ငွေကြေးဆိုင်ရာ ပေါ်လစီပစ်မှတ်အလွဲများ

 
အပြင်းထန်ဆုံး ဆိုးကျိုးခံရသူများ ''ဆရာဝန်တစ်ယောက် ဆေးထိုး မှား၊ ဆေးပေးဆေးညွှန်းမှားခဲ့လျှင် လူ နာ တစ်ယောက်သာ ဆိုးကျိုးသက် ရောက် ဒုက္ခရောက်နိုင်၍စီးပွားရေးပညာရှင်တစ်ယောက်မှားယွင်းစွာအကြံပေးမိခြင်းသို့မဟုတ်စီးပွားရေးပေါ်လစီရေးဆွဲသူတစ်ယောက် လွဲမှားစွာ လမ်းညွှန်ရေးဆွဲအကောင်အထည်ဖော် ခဲ့ခြင်းများပြုခဲ့လျှင် တစ်နိုင်ငံလုံးရှိ လူ အားလုံးဆိုးကျိုးသက်ရောက်မှုကို ခံစား ကြရသည်''ဟူသောတက္ကသိုလ်ကျောင်း သားဘဝက စာသင်ခန်းအတွင်းတွင် ကြားခဲ့ရသည့် ဘောဂဗေဒသင် ဆရာ အချို့၏ မှတ်သားစရာစကား အချို့ကို

ပြန်လည်သတိရမိသည်။ဤနေရာတွင် နိုင်ငံအတွင်း၊စီးပွားရေးအဆောက်အအုံအတွင်းရှိလူ အားလုံးဟု ယေဘုယျညွှန်း ဆိုထားသော်လည်း အမှန်တကယ် ခံစားရဆုံးမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ တွင် အချို့တဲ့ဆုံး၊ မပြေလည်ဆုံးဖြစ်နေသည့်အောက်ခြေလူတန်း စားခေါ်ဝင်ငွေနိမ့်လူတန်းစား ပြည်သူများသာဖြစ်သည်။ မည်သည့်အကြောင်း နှင့်ပင်ဖြစ်စေနိုင်ငံတစ်နိုင်ငံအတွင်းအခြေ အနေအရပ်ရပ်၏ မပြေလည်မှုများ၊ မှား ယွင်းမှုများ၊ အခက်အခဲ အကျပ် အတည်းများကြောင့် ဖြစ်ပေါ်လာတတ် သည့်သက်ရောက်မှုများ၏အထွတ်အထိပ် အခြေအနေများကို အသက်ခန္ဓာ ကိုယ် နှင့်ရင်း၍ ခါးစည်းခံရသူများမှာ တုံးလုံးစာမရှိ မတ်တပ်စာအတွက်ပင် နေ့စဉ် နှင့်အမျှ အနိုင်နိုင်ရုန်းကန်နေရသော လူတန်းစား များသာဖြစ်သည်။ လက်တွေ့ကမ္ဘာတွင်လည်း စီးပွား ရေးအဆောက်အအုံတစ်ခုအတွင်း ကျင့်သုံးနေသော ငွေကြေးနှင့် ဆက်စပ် မှုရှိ သည့် ပေါ်လစီများ၊ နည်းနာများ၏ ကောင်းကျိုးဆိုးကျိုးများသည် နိုင်ငံတစ် နိုင်ငံအတွင်းရှိ ဝင်ငွေနိမ့်လူတန်းစားများ ၏ နေ့စဉ် ဘဝများအပေါ်တွင်များစွာသက်ရောက်မှုရှိနေသည်ကို ထင်ထင် ရှားရှားတွေ့နေရသည်။ ပေါ်လစီမူဝါဒ များ၏ အခြေအနေပေါ် မူတည်လျက် အကောင်းအဆိုးရလဒ်များဖြစ်ပေါ်လျက် ရှိသဖြင့် ပေါ်လစီမူဝါဒကောင်းများအ တွက် အကြံဉာဏ်များပေးနိုင်ရေး၊ စွမ်း ဆောင်ရည်ရှိသည့် ပေါ်လစီများရေးဆွဲ နိုင်ရေးနှင့် ထိရောက်စွာအကောင်အ ထည်ဖော်နိုင်ရေးတို့ကို မျှော်လင့်နေကြ ရသည်။ အားနည်းသော၊ မလျော်ညီ သော ပေါ်လစီတစ်ရပ်သည် စီးပွားရေး အဆောက်အအုံတစ်ခုလုံးကို ဆိုးကျိုး ရလဒ် များ ဖြစ်ပေါ်စေတတ်သည်ဟု ကောက်ချက်ချကြသည့်တိုင် ဟန်ချက်မညီသော စီးပွားရေးအဆောက်အအုံတစ်ခုတွင် သက်ရောက်မှုအကောင်းအဆိုးနှင့် ပြင်းထန်မှုဒီဂရီအနိမ့်အမြင့်မှာ အားလုံးအပေါ်တွင်တစ်ပြေးညီတူညီစွာ ခံစားရနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ပေါ် လစီများသည် ကွက်ကျော်မြင်တတ် သော၊ လုပ်ကိုင်စားတတ်သောငွေကြေး အရင်းအနှီးများသော လုပ်ငန်းရှင်များ အတွက် တစ်ခါတစ်ရံတွင် အကျိုးကျေး ဇူးကြီးမားစွာပင် ရရှိသွားစေနိုင်သော် လည်းဝင်ငွေနိမ့်လူ တန်းစားတို့ အတွက် မှာမူ ဆိုးကျိုးကို သေချာပေါက်ခံစားရ ဖို့သာရှိသည်။သက်ရောက်မှုအဆက်အစပ်များနှင့် လွဲမှားသောပစ်မှတ်များ
 
ငွေကြေးနှင့် သက်ဆိုင်သည့် ပေါ် လစီများကို စီးပွားရေးအဆောက်အအုံ တစ်ခု၏ ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုစသည့်စီးပွားရေးရည်ရွယ်ချက်ကောင်းများရရှိရေးအတွက် ရးဆွဲအကောင်အထည်ဖော်ကြခြင်းဖြစ်ပြီး အခြားေ သာ အခြေအနေများနှင့် အ ပြန်အလှန်ဆက်စပ်မှုများဖြစ်ပေါ်ကာ စီးပွားရေးအဆောက်အအုံပေါ်တွင် သက်ရောက်မှုများဖြစ်ပေါ် တတ်သည်။ သို့သော်အားနည်းသောပေါ်လစီများ သည် ကောင်းကျိုးရလဒ်ထက် ဆိုးကျိုး သက်ရောက်မှုများကို သာ ဖြစ်ပေ ါ်စေသည်။ လွဲမှားသော သို့မဟုတ် အား နည်းသော ငွေကြေးဆိုင်ရာပေါ်လစီ ကြောင့် အခြေအနေအမျိုးမျိုး မှဖြစ်ပေါ် လာေ သာဆိုးကျိုးများကိုဝင်ငွေနိမ့် အောက်ခြေလူတန်းစားများပိုမိုရင်ဆိုင် ကြရသည်။ ငွေကြေးပမာဏအတိုးအ လျော့၊ ကုန်ထွက် ပမာဏ အတက်အကျ နှင့် ငွေလဲလှယ်မှုနှုန်းထားအပြောင်းအ လဲတို့သည် အဓိကကျသောအကြောင်း တရားများဖြစ်သည်။ ဥပမာစီးပွားရေး အဆောက်အအုံအတွင်းငွေကြေး ပမာဏတိုးလာစေသည့် ပေါ်လစီဖြင့် ငွေ ကြေး ပမာဏ တိုးမြင့်ထည့် သွင်းပေးလိုက်ပါကအတိုင်းအတာတစ်ခု အထိ ငွေ ကြေးဖောင်းပွ မှုများ ဖြစ်လာပြီး ဈေး ကွက်များ အတွင်း ဈေးနှုန်း များမြင့် တက်လာခြင်းကို ကြုံတွေ့လာရမည်။ စားသုံးသူများ၏ လက်ထဲရှိငွေကြေးများ၏ ဝယ်နိုင်စွမ်းအားလျော့ ပါးမည်မှာ သေ ချာ၏။ ထိုအခြေအနေကိုဝင်ငွေမြင့် လူတန်းစားများအဖို့ အခက်အခဲရင်ဆိုင် နိုင်သော်လည်း ဝင်ငွေနည်း လူတန်းစား အဖို့မှာ ကြီးမားေ သာ အခက်အခဲဖြစ် သည်။ နေ့စဉ်ဝင်ငွေ၏ ရာခိုင်နှုန်းများ စွာကို သွားလာ၊ စားသောက်စရိတ် အတွက်သုံးစွဲနေရသည့် ၎င်းင်းတို့အတွက် ကြီးမြင့်လာသော ကုန်ကျစရိတ်များ ကြောင့်ကျန်းမာရေးအပါအဝင် အခြား သော မရှိမဖြစ် အသုံးစရိတ် များကိုပါ ထိခိုက်မှုများမှာကြုံလာရသည်။ အခွန် အခပေးဆောင်စရာများ ရှိနေသဖြင့် နေ့စဉ် စားဝတ်နေမှုတွင် အကျပ် အတည်း များစွာ ရင်ဆိုင် လာရနိုင် သည်။ ငွေကြေး ပေါ်လစီနှင့် ဆက်စပ် လျက် ကုန်ထွက်ပမာဏအတက်အကျ ဖြစ်ပေါ်မှုသည်လည်း အဆိုပါ လူတန်း စားများ၏ ဝင်ငွေပေါ်တွင်သက်ရောက်မှုရှိသည်။ ကုန်ထွက်ပမာဏတိုးတက်မှု အားကောင်းနေချိန်တွင် စီးပွားရေး အဆောက်အအုံ ထဲသို့ငွေကြေးပမာဏထပ်မံထည့်သွင်းခြင်း မရှိပါက ထုတ် လုပ်သူများအတွက် ဈေးနှုန်းမက်လုံး၊ အမြတ်အစွန်း မက်လုံးများေ လျာ့ပါးလာ သောကြောင့် ထုတ်လုပ်မှု ပြန်လည်ကျ ဆင်းသွားနိုင်သည်။ ထုတ်လုပ်မှုကျဆင်း နေချိန်တွင်လည်း စီးပွားရေး အဆောက်အအုံထဲသို့ ငွေကြေးပမာဏများစွာထပ် မံထည့်သွင်းလိုက်မိပါကလည်း ခုတ်ရာ တလွဲရှရာ တခြားဖြစ် ကာ ဈေးနှုန်းမြင့် မားမှု၊ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာ ပြီး ဝင်ငွေနိမ့်လူတန်းစားများ ငွေကြေး ပေါ်လစီ၏ လွဲမှားမှုဒဏ်ပိုမိုပိ လာနို င် သည်။ ငွေလဲလှယ်နှုန်းအခြေအနေများ သည်လည်း ပို့ကုန်သွင်းကုန်သမားများ၊ ထုတ်လုပ်သူများ နည်းတူစားသုံး သူ များ အပေါ်ကိုလည်း အကျိုးသက်ရောက်မှု များရှိသည်။ ငွေလဲလှယ်နှုန်းတွင် ပြည် တွင်းသုံးငွေ တန်ဖိုးကျဆင်းနေပါက ထုတ်လုပ်မှုအားကောင်းနေသော နိုင်ငံများ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာပြီးပို့ကုန်တင်ပို့ခြင်း၏ အကျိုးကျေးဇူးပိုမိုရရှိ လာနိုင်သော်လည်း ပြည်တွင်းထုတ်လုပ်မှုအားပျော့နေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့နိုင်မှုပါအကျိုးေ ကျးဇူး မခံစား ရနိုင်သည့်အပြင် သွင်းကုန်ဈေးကြီးမြှင့်ဒဏ်ကို ခံစားလာ ရနိုင်သည်။ နိုင်ငံခြားထုတ်ကုန်ဇိမ်ခံ ပစ္စည်း များကိုသာအသုံးပြုနေသည့် ပြည်တွင်း ရှိလူချမ်းသာများ ကုန်ဈေးနှုန်းကြီးမြင့်မှု ခံစားရကဲ့ သို့ပင်လူဆင်းရဲများသည်လည်း နေ့စဉ်အသုံးပြုနေသည့် ပြည် တွင်းတွင်ထုတ်လုပ်သော၊ နိုင်ငံခြားမှ တင်သွင်းသော မီးဖိုချောင် သုံး စား သောက်ကုန်များအတွက် ဈေးနှုန်းမြင့် တက်မှုကိုခံရနိုင်သည်။    အတိုးနှုန်း အပြောင်းအလဲသည် လည်း ထည့်သွင်းစဉ်းစားရမည့်အဓိက သော့ချက်ဖြစ်သည်။ အတိုးနှုန်းကြောင့် စီးပွားရေး အဆောက်အအုံထဲရှိလည်ပတ် နေသော ငွေကြေးပမာဏအပြောင်းအ လဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အ ရင်းအနှီးရ ရှိနိုင်မှု အခြေအနေများသည်လည်း သက်ရောက်မှုများဖြစ်ပေါ်စေ သဖြင့် အတိုးနှုန်းများနှိမ့်ချခြင်း၊မြှင့်တင် ခြင်းအစီအမံများ လုပ်ဆောင်ရာတွင်  ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ပြီး လုပ်ဆောင်ကြရမည်သာ ဖြစ်သည်။ အတိုးနှုန်းဆိုသော အရာ သည် နေ့စဉ် စားသောက်ရေးအတွက်ပင် အနိုင်နိုင် အားထုတ်နေရသော အရင်းမဲ့ လူတန်း စားအတွက်မည်သို့မှ ပတ်သက်နို င်ခြင်း မရှိဟု ထင်စရာရှိသော်လည်း အတိုးနှုန်း အနိမ့်အမြင့်၏ နောက်ဆုံး သက် ရောက်မှုရလဒ်ဂိတ်ဆုံးသည် စားသုံးသူ များ သာဖြစ်သဖြင့် စားသုံးသူများထဲမှ အောက်ခြေဝင်ငွေနည်း စားသုံးသူ များ သာ ပြင်းထန်စွာခံစားကြရမှာ မြေကြီး လက်ခတ် မလွဲ သေချာသည်။ပစ်မှတ် အနီးစပ်ဆုံး ထိမှန်နိုင်ရေး ချိန်ရွယ်ခြင်း
ငွေကြေး ပမာဏနှင့် ကုန်ထုတ် ပမာဏတို့သည် သက်ဆိုင်ရာပေါ်လစီ ရေးဆွဲသူများ၊ အကောင်အထည်ေ ဖာ် ဆောင်ရွက်သူများနှင့် ငွေကြေး အာဏာပိုင်များ ထိန်းသိမ်းဆောင်ရွက် နိုင်စွမ်းရှိသည့် ကိန်းရှင်များဖြစ် သည်။ ငွေလဲ လှယ်နှုန်းများ၊ အတိုးနှုန်းများမှာ မူ အခြားသောအင်အားစုများထက် ဈေးကွက်အင်အားစုများကသာ ပိုမို ပြောင်းလဲနိုင်စွမ်း ရှိသည့်ကိန်းများ ဖြစ် သည်။ သို့သော် အခြားသော ဖြစ်နိုင် ခြေရှိသည့် အချက်များကိုလည်း သု တေသီများ၊ပညာရှင်များ၏ အထောက် အကူများဖြင့် ရှာဖွေထိန်း ချုပ်ရန်လို သည်။ ငွေကြေးဆိုင်ရာ ပေါ်လစီများ ကြောင့် ဝင်ငွေနည်း လူတန်းစား များ ခံစားရသည့်အခြေအနေများတွင် ငွေဖောင်းပွမှု၏ ဒဏ်ရာဒဏ်ချက်များမှာ အသိသာဆုံး၊ အထိမှန်ဆုံးဖြစ်လိမ့် မည်။ ထို့ကြော င့် ငွေကြေးပေါ်လစီများ စဉ်းစားရေးဆွဲသည့်အခါတိုင်း သက် ဆိုင်ရာစီးပွားရေး အဆောက်အအုံ၏ လက်တွေ့ကျသောအခြေ အနေများနှင့် လိုက်လျောညီထွေမှုရှိရေးကိုပါ ထည့်သွင်း စဉ်းစားကြရမည်ဖြစ်သည်။ ပေါ် လစီများကိုကျ င့်သုံးရာတွင် လည်းကောင်း စွာ ထိန်းချုပ်နိုင်စွမ်းရှိသည့် အခြေ အနေမျိုးကိုသာမှန်းဆဆောင်ရွက်သင့် သည်ဟု ပညာရှင်များက အကြံ ပြုကြ သည်။ထိုအခြေအနေမျိုး ထိန်းသိမ်း လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပါက ငိုချင်လျက် လက်တို့ဆိုသကဲ့သို့မတည် မငြိမ် ဖြစ်ရ န်အလား အလာရှိနေသော အခြေ အနေတစ်ရပ်ကို အစပျိုးပေး တွန်းအား ပေးသကဲ့သို့ ဖြစ်သွားတတ်သည်။ ပေါ်လစီတစ်ခုရေးဆွဲရာတွင် ရည် မှန်းချက် များစွာရှိနိုင်သော်လည်း အလေးပေးရမည့် အဓိကရည်ရွယ်ချက် ကိုမူ ဂရုတစိုက်အာရုံရှိနေရန်လိုသည်။ အဓိကအားဖြင့် ငွေကြေးပေါ်လစီတစ်ခု၏ ရည်ရွယ်ချက်မှာတည်ငြိမ်၍ မမြင့် မားသောေ ငွကြေးဖောင်းပွမှုနှုန်းအဆင့်တစ်ခုကို ထိန်းသိမ်းထားနိုင်ရေး ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်း ပါး မှု နှုန်း မြင့်မားေ သာ နိုင်ငံတစ်ခု၌ ငွေကြေး ပေါ်လစီ ရေးဆွဲချမှတ်သည့်အခါ (၁)    စီးပွားရေးအဆောက်အအုံ အတွင်း ချမှတ်ထားသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာကို အထောက် အကူရစေပြီး ၎င်းဆက်စပ် သော မေခရိုစီးပွားရေးမူ ဘောင် အတွင်း ရရှိနိုင်မည့် ငွေဖောင်းပွမှုနှုန်းတစ်ခုကို သာ ရည်မှန်း ချက် ထား၍ ရရှိနိုင်ရေးကို သံန္နိဋ္ဌာန်ချ ဆောင်ရွက်ခြင်း။ (၂)    ထို ရည်ရွယ်ချက် ရရှိရေး အတွက် ပံ့ပိုးပေးနိုင်မည့် အခြားသော ပေါ်လစီများ ချမှတ်ကျင့်သုံးခြင်းနှင့် (၃)    အခြားသော ရည်မှန်းချက် များထက်ရည်ရွယ်ထားသည့် ငွေဖောင်းပွမှုနှုန်း အဆင့်ကို ရရှိရေး၊ ရည်ရွယ်ထားသည့် အဆင့်ရရှိခဲ့ပါက ထိန်းသိမ်း ထားနိုင်ရေး တို့အတွက် အလေးပေးလုပ်ဆောင်သင့် သည်ဟု ကောက်ချက်ချရ မည်။ ထိုသို့ဆောင်ရွက် နိုင် ခြင်းအားဖြင့် မေခရို စီးပွား ရေးအခြေခံကောင်းများရရှိ လာကာ ထိုလူအဖွဲ့အစည်း တစ်ခု အတွင်းရှိ ထိခိုက်လွယ် သောဝင်ငွေနည်းလူတန်းစား တို့၏ မတည်ငြိမ်သော ဘ၀ များကိုပါ အထောက်အကူ ရရှိလာနိုင်မည်ဖြစ်သည်။