မြန်မာ-ထိုင်းနယ်စပ်ရှိမောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက် ထိုင်းနိုင်ငံသို့မေလအတွင်းမှာ အုန်းသီး၊ ကဏန်းနဲ့ ကဏန်းချီး၊ဝါးခြမ်းများ ကန် ဒေါ်လာသုညဒသမ ၂၇၈သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ထက် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းနဲ့ ယမန်နှစ်ကာလတူထက် ကန် ဒေါ်လာ သုည ဒသမ ၂၂၀ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ တယ် လို့သိရပါတယ်။ ကုန်သွယ်မှုပမာဏအားဖြင့်လည်း အနီး စပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင် ခဲ့ပါတယ်။သွင်းကုန်ပိုင်းမှာတော့ အနီးစပ်ဆုံးကာလထက်လျော့နည်းခဲ့သော်လည်း ကာလတူထက်ပိုမိုခဲ့ပါတယ်။
ITC ကတ်နဲ့ဆောင် ရွက်ခဲ့တဲ့ အများ ဆုံးပို့ကုန်များမှာ ဝါးခြမ်း၊ ရေထွက်ကုန်၊ ကဏန်းနဲ့ ကဏန်းချီး၊ ဥယျာဉ်ခြံမြေ ထွက်အုန်းသီး တို့ဖြစ်ပြီး အများဆုံးသွင်း ကုန်များမှာ ဖရဲသီး၊ ပန်းသီး၊ သင်္ဘော သီး၊ လိမ္မော်သီး၊ ခေါင်မိုးပြား၊ လိုင်ချီး သီးတို့ဖြစ်ကြပါတယ်။ ဘိလပ်မြေ၊ ရော်ဘာပျိုးပင် ပေါက်နဲ့ ဒီဇယ်ဆီများကိုတော့လိုင်စင် ဖြင့်တင်သွင်းခဲ့ကြတယ်လို့သိရပါတယ်။ ယခုလမှာ အနီးစပ်ဆုံး ကာလထက်သွင်း ကုန်လျော့နည်းရခြင်းမှာ စက်သုံးဆီတင် သွင်းမှု လျော့ကျခဲ့ခြင်းကြောင့် ဖြစ် တယ်လို့သိရပါတယ