၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ စ၍ ထိုင်းနိုင်ငံ တစ်ဝန်းလုံးစစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပိုင်းတွင် တစ်ဘက်နိုင်ငံ ရနောင်းနယ်စပ် တွင်လည်းMarshal Law ထုတ်ပြန်ချက်အရ ည၁၀း၀၀နာရီမှနံနက်ဝရး၀၀ ချိန်ထိရေယာဉ် ဝင်/ထွက်မှုများညပိုင်း လုပ်ငန်းလုပ်ကိုင်မှုနဲ့ လူသွား/ လာမှု များခေတ္တရပ်ဆိုင်းထားကြောင်း၊ဒါပေမယ့် ကျန်အချိန်များမှာ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများနဲ့ အခြားလုပ်ငန်းလုပ်ကိုင်ခွင့် များ ပိတ်ပင်ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိ ရာ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ မေလတွင် သွင်းကုန် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းလျာ ထားတဲ့အနက် အမှန် တင် သွင်းဆောင်ရွက်နိုင်မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၉၃ သန်း ဆောင်ရွက်နိုင် ခဲ့သဖြင့်လျာထားချက် များအနက် ၉၄ ဒသမ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ကြောင်းသိရပါတယ်။
သွင်းကုန်ဆောင်ရွက်မှုအနေဖြင့် အနီးစပ်ဆုံးကာလဖြစ်တဲ့ ဧပြီလနှင့် မေလတို့ရဲ့ဆောင်ရွက်နိုင်မှုကို နှိုင်း ယှဉ်လျှင် ယခုလ တွင် ယခင်လထက် ကန်ဒေါ်လာ ၀ ဒသမ ၆၆၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တာတွေ့ရ ပါတယ်။ ဒီလို သွင်းကုန်ပမာဏများ ပိုမို လာရ ခြင်းမှာ ၂၀၁၄ ခုနှစ် မေလမှာ အဓိက သွင်းကုန်ပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေမှာ ယခင်လထက် တန် (၁၉၆၀)၊ ဓာတ်မြေသြဇာတွင် တန် (၃၈၀)၊ ဒီဇယ် ဆီတန်(၇၇၀)နဲ့စားသောက်ကုန်ပစ္စည်း ဖြစ်သော အချိုရည်၊ ဘီစကစ်မုန့့်၊ ကြာဇံခြော က်၊ ခေါက်ဆွဲခြောက်များ ယခင်လထက်ပိုမိုတင်သွင်းလာနိုင်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
