Main menu

Background

ရွှေဟင်္သာနဲ့ စိန်တစ်လုံးသရက်သီးများကို တရုတ်ပြည်သို့တင်ပို့

Fri, 06/13/2014 - 06:17 -- ydnar

 
မန္တလေးတိုင်းဒေသကြီးနဲ့စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဟန်မြင့်မိုရ်၊ ကူမဲ၊ အုန်းချော၊ အမရပူရ၊ သပြေရိုး၊ ပလိပ်မြို့တွေက ထွက်ရှိတဲ့ ရွှေဟင်္သာသရက်သီး၊ စိန်တစ် လုံးသရက်သီးနဲ့သရက်အကြမ်းသီးတွေ ကို ရှမ်းပြည်နယ်ေြ မာက်ပိုင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင်မှ တစ်ဆင့် တရုတ် ပြည်သို့ တင်ပို့ရောင်း ချကြောင်းသိရှိရပါတယ်။

မေလဆန်းကစပြီး သရက်သီး ဈေးကွက်အခြေအနေ ကောင်းမွန်လာ ကာ ယခုမေလနောက်ဆုံးပတ်မှာတော့ ကန်ဒေါ်လာ ၂ ဒသမ ၄၀၇ သန်းတန်ဖိုးရှိ သရက်သီးတန်ချိန် ၇၀၈၀ ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကနေ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ မြဝတီနဲ့တမူးစခန်းစုံမှ တန်ချိန် ၆၀၀၀ ကျော်တင်ပို့ခဲ့လို့ ယခုအပတ် သရက်သီးပိုမို လာတာတွေ့ရပါတယ်။ မူဆယ် နယ်စပ်စခန်းမှ ၂၀၁၄ ခုနှစ် မေလ အတွင်း တင်ပို့ခဲ့တဲ့ သရက်သီးတန်ချိန် ပေါင်း ၂၃၉၂၄ တန်ကျော်ရှိခဲ့ပြီး ကာလတူ ၂၀၁၃ မေလက သရက်သီး တန်ချိန် ၁၇၁၀၀ ကျော်တင်ပို့ခဲ့တာ ကြောင့် ယခုနှစ်မှာသရက်သီးတင်ပို့မှု တန်ချိန် ၆၈၀၀ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ရဲ့ နေ့စဉ်သစ်သီးပျမ်းမျှဈေးနှုန်းအရ စိန်တစ်လုံး ၁ ကီလိုကို ၂ ဒသမ ၂ ယွမ်မှ ၅ ဒသမ ၆ ယွမ်ကြား၊ ရွှေဟင်္သာ ၁ ကီလိုကို ၁ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၇ ယွမ်ကြားနဲ့ အကြမ်းသီး ၁ ကီလိုကို ၁ ဒသမ ၂ ယွမ်မှ ၂ ဒသမ ၇ ယွမ် ကြားဈေးပေါက်တယ်လို့ သတင်းရရှိ ပါတယ်။