ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးတင်ပို့မှု တိုးတက်လျက်ရှိ

 
မြန်မာနိုင်ငံဒေသ အသီးသီးမှ ထွက်ရှိသည့် ကွမ်းသီးများကိုပြည်တွင်း သုံးစွဲသည့်အပြင် ကလေးမြို့ကို အခြေ ပြုပြီး တမူးနဲ့ ရိဒ် တို့မှတစ်ဆင့် နယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့်အိန္ဒိယနိုင်ငံ သို့တင်ပို့လျက်ရှိပါတယ်။ ကွမ်းသီးတင်ပို့ရန်အတွက် ပို့ကုန် လိုင်စင်လျှောက်ထားရန် မလိုသည့်အပြင် ကုမ္ပဏီနဲ့ITC လုပ်ငန်းရှင်များကိုပါ ဆောင်ရွက်ခွင့်ပြုထားပါတယ်။

ရိဒ်နယ်စပ်ကုန် သွယ်ရေး စခန်းမှ ယခုဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ဧပြီလနှင့်မေလ (၂) လ အတွင်း ကွမ်းသီးတန်ချိန် ၁၈၀၄ တန်ဖိုး ကျပ်သန်း ၁၆၂၃ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ကာလများ ထက်များစွာ ပိုမို တင်ပို့နိုင်ခဲ့တဲ့ကုန်စည်ဖြစ်တယ်လို့ သတင်းရရှိပါတယ်။