Main menu

Background

တယ်လီနောဆင်းကတ် 2G နှင့်3G နှစ်မျိုးစလုံးကို စက်တင်ဘာလတွင် စတင်ရောင်းချမည်

Mon, 06/16/2014 - 03:59 -- ydnar

 
တယ်လီနောမြန်မာမှ 3G  နှင2G အမျိုးအစား ဆင်းကတ်များကိုလာမည့် စက်တင်ဘာလအတွင်း စတင်ရောင်း ချမည်ဖြစ်ကြောင်း သိရသည်။''စက်တင်ဘာလလောက်ကနေ စပြီး ဆင်းကတ်တွေကို ရောင်းချပေး သွားမှာပါ။ 2G Network  ကိုရော G Networkု ကိုပါ ရရှိအောင် ဆောင် ရွက်ပေးသွားမှာပါ။ နောက်ထပ်လည်း အထူးအစီအစဉ်တွေထည့်သွင်းထားတဲ့ဆင်း ကတ်တွေ ရောင်းချပေးဖို့ ထုတ်ပြန်ပေး သွားပါ့မယ်''ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg ါ က ပြောကြားခဲ့သည်။တယ်လီနောမြန်မာမှ ဆင်းကတ် များရောင်းချရာတွင် အသက်အရွယ် ကန့်သတ်ထားခြင်းမပြုဘဲ မှတ်ပုံတင် ရှိသူတိုင်း ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆင်းကတ်တစ်ကတ် လျှင်ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးမည် ဟုလည်းေ ကြညာထားေ ကြာင်းသိရသည်။

တယ်လီနောမြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် 2G  နှင့် 3Gွ နှစ်မျိုးစလုံး ကိုရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အင်တာနက်မြ န်နှုန်းမှာ 3G အသုံးပြုသူ များသောအချိန်တွင် 700kbps မှ 1Mbps ထိ မြန်နှုန်းရရှိနိုင်မည်ဖြစ်ပြီး အသုံးပြုသူနည်းသောအချိန်တွင် 4Mbps မှ 6Mbps  အထိ မြန်နှုန်းရရှိ နိုင်မည်ဖြစ်ကြောင်း၊ 2G ကွန်ယက်အသုံး ပြုသူများအနေဖြင့်အသုံးပြုသူများသော  အချိန်တွင် အင်တာနက်မြန်နှုန်းမှာ 100kbps မှ 150kbps အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၎င်းင်းကပြောကြားခဲ့သည်။တယ်လီနောအုပ်စုသည် ကမ္ဘာ တစ်ဝန်းတွင် သုံးစွဲသူပေါင်း ၁၇၂သန်း ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးMobile Operator များအနက်တစ်ခုအပါ အဝင်ဖြစ်ပြီးနိုင်ငံတကာဈေးကွက်ပေါင်း ၁၃ ခုတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ် ကိုင်လျက်ရှိပြီး အဆိုပါနိုင်ငံများ တွင် အာရှတိုက်မှ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။