Main menu

Background

ကွန်ကရစ်ဘလောက်တုံးများ ထုတ်လုပ်ရန် နိုင်ငံခြားကုမ္မဏီ ဝင်ရောက်လုပ်ကိုင်

Mon, 06/16/2014 - 04:04 -- ydnar

 
မြန်မာဈေးကွက်အတွင်း ကွန်ကရစ်ဘလောက်တုံးများထုတ်လုပ်ရန် အတွက် စင်္ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီနှ င့်  ဟောင်ကောင် အခြေစိုက် ကုမ္ပဏီတို့ ပူးပေါင်းကာ ဝင်ရောက်လုပ် ကိုင်ရန်စီစဉ်နေကြောင်းသိရသည်။''စင်္ကာပူနိုင်ငံအခြေစိုက်JJ-PUNလီမိတက်နဲ့ဟောင်ကောင်အခြေစိုက်TIO-Store ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ကွန်ကရစ် ဘလောက် တုံးစက်ရုံကိုလာမယ့်ဇွန်လ အစောပိုင်း မှာ စတင်ဖွင့်လှစ်မယ်လို့သိရပါတယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယခုထုတ်လုပ်မည့် ကွန်ကရစ်Blocks တုံးတွေကိုGolf ကွင်းတွေ အပါအဝင် ဈေးဝယ်စင်တာနဲ့  အဆင့် မြင့် ဟိုတယ် စတဲ့ ဈေးကွက်တွေမှာ ရောင်းချနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ထို့ပြင် JJ-Pun TIO Stone အနေဖြင့် နိုင်ငံပေါင်း (၅၀)ကျော်တွင် ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ခွင့်ပြုချက်ဖြင့် ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ယင်းစီမံကိန်းမှာ ဟောင်ကောင် အခြေစိုက်TIO-Stone နှင့် စင်္ကာပူ JJ Pun လီမိတက်တို့မှ ၅၀-၅၀ Joint Venture  စနစ်ဖြင့်  အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ ကွန်ကရစ်ဘလောက်တုံး စက် ရုံကို ရန်ကုန်တိုင်းေ ဒသကြီး ၊ ဒဂုံဆိပ် ကမ်းမြို့နယ်အတွင်းရှိ  စတုရန်းမီတာ ၁၀၀၀၀ ကျယ်ဝန်းသည့်မြေပေါ်တွင်  တည်ဆောက်သွားမည်ဖြစ်သည်။ ''ကွန်ကရစ်ဘလောက်တုံးတွေ  ကမြန်မာဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ အသုံးနည်းပါးသေးတယ်။ အဆင့် မြင့် အဆောက်အဦတွေမှာ ထည့်သွင်း တည်ဆောက်နိုင်ရင် အရည်အသွေး ပိုင်းကောင်းပါတယ်။  အဆင့်မြင့် အဆောက်အအုံေ တွ မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်'' ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးအောင်ကိုက ပြော ကြားသည်။