ပြီးခဲ့သည်လကတည်းက ကျ ဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာ ခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံ စမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းက ကျပ် ၆၄၆၈၀၀ဖြင့် ဈေးပိတ်ခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခု တစ်ပတ်ဈေးပြန် အဖွင့်တွင် တက် ဈေးဖြင့် ပြန်ဖွင့်ခဲ့ပြီး ကျပ် ၆၅၀၅၀၀ ရှိခဲ့သည်။
နယ်စပ်ရှိ ရွှေဈေးသည် ပြည် တွင်းရွှေဈေးထက် မြင့်နေသဖြင့် ပြည်တွင်းမှနယ်စပ်သို့ ပြန်လည်စီးထွက်မှု များရှိလာသည့် အတွက် ပြည်တွင်း ရွှေ ဈေးများ ပြန်လည်မြင့်တက်ရသကဲ့သို့ ကမ္ဘာ့ရွှေဈေးမြင့်တက်လာ သဖြင့်လည်း မြန်မာ့ရွှေဈေးပြန် လည်မြင့် တက်လာ ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦး က ဆိုသည်။''ဒီရက်ပိုင်းမှာ ပြည်တွင်းက ရွှေ ဈေးက နယ်စပ်က ရွှေဈေးထက် နိမ့် နေတော့ နယ်စပ်ကို စီးထွက်မှုတွေ ရှိခဲ့ တယ်။ အဲဒါကြောင့် လည်း ဈေးမြင့် တက်လာရတာပါ။ နောက်ပြီး ကမ္ဘာ့ရွှေ ဈေးကလည်း တက်လာတယ်။ အီရတ် နိုင်ငံရဲ့ပြည်တွင်းစစ်မီးကြောင့် အမေရိ ကန်ရဲ့ရေနံလိုအပ်ချက်ကို ထိခိုက်လာ တယ်။ အမေရိကန်မှာ ရေနံလက်ကျန် နည်းသွားတယ်လို့ဆို အတွက် ရေနံ ဈေးေ တွ တက်လာတော့ ကမ္ဘာ့ရွှေဈေး ကလည်း လိုက်ပြီးတက်လာတယ်။ အဲ ဒါကြောင့် မြန်မာ့ရွှေဈေးပါ လိုက်ပြီး တက်လာရတာပါ။ အဲဒီအခြေအနေ တွေရှိနေသမျှတော့ ရွှေဈေးက တက်ဖို့ ပဲရှိပါတယ်။ ဆက်ပြီးကျဖို့တော့ မရှိနိုင် ပါဘူး''ဟု ကမ္ဘာ့ရွှေဈေး ကွက် ကို လေ့လာနေသူတစ်ဦးက သုံးသပ် ပြခဲ့သည်။မြန်မာ့ရွှေဈေးသည် ဇွန်လ ၉ ရက်နေ့က ကျပ် ၆၅၀၅၀၀ဖြင့် ဈေးဖွင့် ခဲ့ပြီးနောက် ဇွန်လ ၁၂ရက်နေ့တွင် ကျပ် ၆၅၃၀၀၀ သို့ မြင့် တက်လာခဲ့ကာ ဇွန်လ ၁၃ရက်နေ့တွင် ကျပ် ၆၅၇၀၀၀ သို့ မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၉ရက် နေ့က ၁၂၅၂ ဒေါ်လာရှိခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင် ၁၂၅၉ဒေါ်လာသို့မြင့် တက်ခဲ့ကာ ဇွန်လ ၁၃ရက်နေ့တွင် ၁၂၇၃ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။