ဆန်အာမခံအစီအစဉ်မရှိရင် တောင်သူတွေအကျိုးရှိစေမယ့် အခြားရွေးချယ်စရာများကို ထိုင်းတောင်သူတွေ အဆိုပြု
ထိုင်းလယ်သမားများအသင်းဟာ ဆန်အာမခံအစီအစဉ်မရှိရင် တောင် သူတွေအကျိုးဖြစ်စေနိုင်မယ့် အခြား ရွေးချယ်စရာမျိုးစုံကို စစ်အစိုးရ(NCPO) ကိုအဆိုပြုထားကြောင်း ပြည်တွင်း သတင်းများအရ သိရပါတယ်။ လယ်သမားအသင်း၈သင်းဟာ စစ် အစိုးရကို ၎င်းတို့ရဲ့အဆိုပြုချက်များတင်ပြဖို့ NCPO ဒုတိယစီးပွားရေးခေါင်းဆောင်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်တို့ကို ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ တွေ့ဆုံကြောင်း သိရပါတယ်။
လယ် သမား အသင်း များဟာ အဓိကအားဖြင့် ဆန်အာမခံအစီအစဉ်ကို ဆက်လက် ဆောင်ရွက်ဖို့ အတွက် ကြိုးစားနေ ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ ရပ်တန့်ခဲ့တဲ့ ဆန် အာမခံ အစီအစဉ် ဟာ တောင်သူတွေ အတွက် ဈေးနှုန်း ကျဆင်းမှု ကို လျော့ပါးစေခြင်း ဆိုတဲ့ အကျိုးကို ရရှိစေတာဖြစ်ပါတယ်။
၎င်းင်းတို့ပြောကြားချက်အရ စပါးဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၂၃-၁၈၄ ဝန်းကျင်ကို ကျဆင်းလာ တာ ကြောင့် တောင် သူတွေရဲ့ စပါးထုတ် လုပ်မှုစရိတ် တစ်တန် ကန်ဒေါ်လာ ၂၁၅-၂၃၇ အတွက် လုံလောက် တဲ့ ဈေးမရှိ ဘူးလို့ သိရပါ တယ်။ တောင်သူ တွေကို စပါးအပေါင်ခံဈေးက တစ်တန် ကန်ဒေါ်လာ ၄၆၁ ဈေးဝန်းကျင်ပေးခဲ့ တာဖြစ်ပါတယ်။ ယင်းအသင်း များက တကယ်လို့ NCPO အနေနဲ့ စပါး အပေါင်ခံအစီအစဉ်ကို ဆက်လက် မကျင့်သုံးဖို့ ဆုံးဖြတ်မယ်ဆိုရင် စဉ်းစား နိုင်ဖို့ လည်း ၎င်းင်းတို့အဆိုပြုချက် အချို့ ကိုလည်း တင်ပြထားကြောင်း သိရပါ တယ်။ ၎င်းင်းတို့အကြံပြုချက်ထဲမှာNCPO အနေနဲ့ တောင်သူေ တွ ၎င်းတို့ ထုတ်ကုန်များရောင်းချနိုင်ဖို့ ဈေးနှုန်း သတ်မှတ်နိုင်ဖို့ ၎င်းင်းတို့ထုတ်လုပ်မှု စရိတ်ကာမိပြီး အကျိုးအမြတ် ၄၀ ရာ ခိုင်နှုန်းရရှိစေမယ့် ဈေးတစ်ခုသတ်မှတ် သင့်ကြောင်းပါတင်တယ်လို့ သိရပါ တယ်။ အဲဒီဈေးနှုန်းက တစ်တန်ကို ဘတ် ၁၀ယ၀၀၀-၁၂ယ၀၀၀ (ကန်ဒေါ် လာ ၃၀၇-၃၆၉) ဈေးဝန်းကျင်ဖြစ်မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ထုတ်လုပ်မှုစရိတ် လျော့ကျအောင် အလေးထားသင့် ကြောင်း အထူးသဖြင့် ဓာတ်မြေသြဇာ များနဲ့ ပိုးသတ်ေ ဆးများ၊ အဆက်မပြတ် ရေပေးဝေရေးအဆင်ပြေဖို့ တိုးတက်တဲ့ ဆည်မြောင်းစနစ်များထောက်ပံ့ပေးဖို့နဲ့ ဆန်အရည် အသွေးေ ကာင်းအောင်လည်း တောင်သူတွေကို အကူအညီပေးခြင်း တွေမှာ အလေးထားဖို့ လိုအပ်ကြောင်း ၎င်းင်းတို့က ဆိုပါတယ်။ အသင်းတစ်ခုမှ အကြံပြုထားတာကတော့ အစိုးရ အနေနဲ့ ဆန်ထုတ်လုပ်မှုမြှင့်တင်ဖို့ လယ်တစ်ဟက်တာကို ကန်ဒေါ်လာ ၁၂ ဒသမ ၃ ဝန်းကျင်ခန့် ငွေကြေးအ ထောက်အပံ့ပေးခြင်းဖြင့် တောင်သူ တွေကို ကူညီဖို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အချို့ အခြားအသင်းက အကြံပြုတာကတော့ NCPO အနေနဲ့ ဆန်စပါးထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိန်းချုပ်ဖို့ ရိတ်သိမ်း ရာသီ အတွင်း မြေငှားရမ်းခကို တစ်ဟက်တာ ၅ ဒေါ်လာဝန်းကျင်ကိုလျှော့ချ သင့်တယ် လို့ဆိုပါတယ်။ မြေငှားရမ်းခဟာ ဆန် စပါး အာမခံအစီအစဉ်ကြောင့် လွန်ခဲ့ တဲ့နှစ်မှာ တစ်ဟက်တာကို ကန်ဒေါ် လာ ၂ ဒသမ ၅ ဈေးရှိရာမှ ၁၀ ဒေါ် လာကို မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပါး အာမခံတဲ့ အစီအစဉ် အဆုံးသတ်ပေမဲ့ မြေငှားရမ်းခတော့ ကျဆင်း လာခြင်း မရှိဘူးလို့လည်း ဆိုပါ တယ်။ ထိုင်းဆန်တင်ပို့သူများအသင်း (TREA)) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌက လည်း အစိုးရအနေနဲ့ တောင်သူတွေအ တွက် အချို့သော သက်သာခွင့်ဆိုင်ရာ အစီအမံများ ပေးသင့်တယ်လို့ ဆိုပါ တယ်။
