ဝယ်လက်အေးလို့ ပြည်ကုလားပဲဈေးကျ ကုလားပဲဈေးမှာ ယခင်အပတ်တွင် ၂ဝ၃ဝဝ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်အတွင်း ၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါတယ်။ ဝယ်လက်များမှ အဝယ်လျော့လာလို့ တစ်တင်းကို ၅ဝဝ ကျပ်ကို ကျဆင်းခဲ့ ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးများကို တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းဒေသကြီးများ အတွင်း မြို့နယ်များဖြင့်သာ အရောင်းအဝယ်ရှိပြီး နေ့စဉ်ကုလားပဲအိတ် ၁၅ဝ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
Background
