Main menu

Background

မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ပဲဈေးကွက် မန်းဝယ်လိုအား သွက်လို့ ကုလားပဲဈေးတက်လာ

Fri, 06/27/2014 - 03:52 -- ydnar

 
မုံရွာကုန်စည်ဒိုင် ဇွန်လတတိယ ပတ် ပဲဈေးကွက်မှာပဲသစ်ပေါ်စကတည်း က ဈေးအေးပြီး ဝယ်လက် ငြိမ်နေတဲ့ ကုလားပဲမျိုးစုံ ဟာယခုအပတ်ထဲတရုတ် ပြည်အတွက် မန်းကုန်သည်ဝယ်လိုအား မြင့်လာတာကြောင့် ဈေးအနည်းငယ်တက်ခဲ့သလို အရောင်းအဝယ်လည်း သိသိသာသာသွက်လာခဲ့တယ်လို့ ဒိုင်ရပ် ကွက်ကဆိုပါတယ်။အရင်ကဒေသတွင်း ပုံမှန်ဝယ် လက်ေ တွ ဈေးထိန်း ဝယ်နေလို့ အရောင်းအဝယ်အေးခဲ့ရာက ယခုလို ပြည်ပပို့ကုန်ပဲအဖြစ် တစ်ဖန်ပြန် စန်းထ လာ တာနဲ့ ဈေးလည်း အနည်းငယ်ကျ ခဲ့ရာ ယခုပတ်မှာ ထိုင်ဝမ်တစ်တင်း ၁၄၀၀၀ ကျပ်၊ V2 တစ်တင်း ၁၄၄၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၄၁၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး အရောင်းအဝယ် အားဖြင့်တစ်ရက်အိတ် ၄၀၀၀ မှ ၅၀၀၀ ထိ တိုးတက်လာခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။

ကုလားပဲ ဈေးကွက်နည်းတူ ပဲ စင်းငုံနီလည်း ယခုတစ်ပတ်မှာ Export အဖြစ် ရန်ကုန်ဝယ်လက်ရှိတဲ့အတွက် အရောင်း အဝယ် အနည်းငယ် သွက်ခဲ့ တယ်လို့ဆိုပါတယ်။ ပေါက်ဈေးအားဖြင့် နေ့စဉ်ပြောင်းလဲကာ တည်ငြိမ်မှု မရှိဘဲ ကြိုက်ရောင်း ကြိုက် ဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်မှာတစ်တင်းအနိမ့်ဆုံး ၁၈၈၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၉၁၀၀ ကျပ်ဖြစ် ခဲ့သလို အရောင်း အဝယ်အနေနဲ့ ရန်ကုန် ဝယ်လက်ရှိတဲ့နေ့မှာ တစ်ရက်အိတ် ၂၀၀၀ ဝန်းကျင်ဖြစ်နိုင်တယ်လို့ ကုန် သည် ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်စိမ်းကြီး ဈေးကွက် မှာတော့ တရုတ်ဝယ်လက် ဝယ်လိုအား ကောင်းနေပေမဲ့ ပဲ အရည် အသွေး ကြောင့် ဈေးအနည်းငယ်ကျခဲ့ရာ တစ် တင်း ၃၇၅၀၀ ကျပ် အနိမ့်ဆုံးပေါက် ဈေး ဖြစ်ခဲ့ပါတယ်။ နယ်စုံက ပဲတီ စိုက် ခင်းတွေအနေနဲ့ ယခုတစ်ပတ်ထဲ ရွာ သွန်းတဲ့မိုးကြောင့် ရေလိုသူတွေအတွက် ကောင်းပေမဲ့ ပဲဆွတ် ချိန် ရောက်နေ သူ တွေအတွက် မိုးလွတ်အောင်ဆွတ်ရတဲ့ အခက်အခဲဖြစ်နေတယ်လို့ တောင်သူ ရပ်ကွက်က ဆိုပါတယ်။ ဒိုင်ဈေးကွက် မှာေ တာ့ တစ်ရက်ကို အိတ် ၁၅၀၀ ဝန်း ကျင်ခန့် ပုံမှန်ဝင်နေပြီး၊ ဝင်သလောက် ရောင်းရတယ်လို့ ပွဲရုံရပ်ကွက်ကသိရပါ တယ်။ ဒေသတွင်း လုပ်ငန်းသုံးဈေးကွက် ကိုသာ အားပြုနေရတဲ့ အခြားပဲမျိုးစုံ ဈေးကွက် အနေနဲ့ ယခုတစ်ပတ်မှာပဲ အားလုံး နီးပါး ဈေးငြိမ်နေခဲ့ရာ ထော ပတ်ပဲတစ်တင်း ၂၄၀၀၀ ကျပ်၊ ပဲကြီး တစ်တင်း ၂၂၅၀၀ ကျပ် စွန်တာနီတစ် တင်း ၁၇၀၀၀ ကျပ်၊ ကသဲပဲတစ်တင်း ၁၇၈၀၀ ကျပ်နဲ့ ပဲပုပ်တစ်တင်း ၂၀၀၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ပေါ် ခဲ့ ပါတယ်။  ဝယ်လက်အနေနဲ့ ပဲကြော်ဖိုနဲ့ လက်လီသာရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ Export ဝယ်လိုအားရှိတဲ့ ပုဂံပဲက တော့ ကုန်သည်လက်ဝယ် ပဲရှားပြီး ဝယ်လိုအားရှိနေတဲ့အတွက် ယခု တစ် ပတ်မှာ တစ်တင်း ၃၆၅၀၀ ကျပ်ထိ ဈေး မြှင့်ဝယ်ယူမှုရှိခဲ့တယ်လို့သိရပါတယ်။ ဃဏ ပြောင်းဖူးစေ့ ဈေးကွက်မှာတော့ ယခုတစ်ပတ် အတွင်း နယ်ကပစ္စည်း အဝင်အားပျော့ခဲ့ပြီးဝယ်လိုအားကောင်း နေတဲ့အတွက် တစ်တင်း ၈၂၀၀ ကျပ်ထိ ဈေးထိုးတက် သွားခဲ့တယ်လို့ သိရ ပါတယ်။ မုံရွာခရိုင်အတွင်းယခုတစ်ပတ် မှာ မိုးရွာသွန်းမှုကောင်းခဲ့လို့ မိုးသီး နှံတွေ အတွက် တောင်သူေ တွ စိတ်ချ ရသလို ဒေသခံ ပွဲစားကုန်သည်တွေ အတွက်  ရောင်းကုန်ပဲမျိုးစုံတွေ မကြာ ခင်ဝယ်လာတော့မှာမို့ သွက်လာတော့ မဲ့ ပဲဈေးကွက်ကို မိုးနဲ့အတူ ကြိုလိုက်ရပါ တယ်။