Main menu

Background

အမေရိကန်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဧပြီလ ကုန်သွယ်ရေး လိုငွေပြမှု စံချိန်တင်

Fri, 06/27/2014 - 04:18 -- ydnar

 
အမေရိကန်နိုင်ငံသည် ၂၀၁၄ ခု နှစ်ဧပြီလတွင် သွင်းကုန်တင်သွင်းမှုစံ ချိန်တင်မြင့်တက်ခဲ့၍ အဆိုပါလရှိ ကုန်သွယ်ရေးလိုငွေပြမှု သည် ဒေါ်လာ ၄၇ ဒသမ ၂ ဘီလီယံသို့ရောက်ရှိကာ မတ်လ၏ ပြန်လည်ပြင်ဆင်ထားသည့် ကုန်သွယ်ရေးလိုငွေပြမှု ပမာဏေ ဒါ်လာ ၄၄ ဒသမ ၂ ဘီလီယံထက်များစွာ မြင့်တက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၄-၆-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာခဲ့ပါသည်။

ယခုနှစ်ဧပြီလအတွင်းက မော် တော်ယာဉ်၊ အရင်းအနှီးကုန်စည်များ၊ အစားအစာနှင့် လူသုံးကုန်တို့ဝယ်ယူ တင်သွင်း မှုမြင့်မားခဲ့၍ ကုန်သွယ်ရေးလို ငွေပြမှုသည် နှစ်နှစ်အတွင်း အမြင့်ဆုံး ပမာဏသို့ စံချိန်တင်မြင့်တက်ခြင်းဖြစ် ကြောင်း သိရှိရပါ သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် ပို့ကုန် တန်ဖိုးဒေါ်လာ ၁၉၃ ဒသမ ၃ ဘီလီယံ ရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၂၄၀ ဒသမ ၆ ဘီလီယံြ ဖစ်၍ ကုန်သွယ်ရေး လိုငွေပြမှုဒေါ်လာ ၄၇ ဒသမ ၂ ဘီလီ ယံဖြစ်ပါသည်။ ဧပြီလအတွင်း ပို့ကုန် စုစုပေါင်းတန်ဖိုးသည် မတ်လ၏ ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၉၃ ဒသမ ၇ ဘီလီ ယံထက် သုည ဒသမ ၃ ဘီလီယံ လျော့နည်းသော်လည်း သွင်းကုန်တန် ဖိုးမှာ မတ်လ၏ သွင်းကုန်တန်ဖိုးစုစု ပေါင်းဒေါ်လာ ၂၃၇ ဒသမ ၈ ဘီလီယံ ထက် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ပိုမိုတင်သွင်းခဲ့ပါသည်။