Main menu

Background

အမေရိကန်နိုင်ငံမှ ချက်ထားသည့် ပုစွန် (Cooked Shrimp) တင်သွင်းမှု ဆက်လက်မြင့်တက်

Fri, 06/27/2014 - 04:23 -- ydnar

အမေရိကန်နိုင်ငံတွင် ၂၀၁၃ ခုနှစ် ကတင်သွင်းမှုသိသိသာသာကျဆင်းခဲ့ သည့်ချက်ထားသည့်ပုစွန် (Cooked Shrimp) မှာ ယခုနှစ် ပထမလေးလတွင် တင်သွင်းမှု ၁၆ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်လျက်ရှိကြောင်း၊ တစ်ပေါင်လျှင် ၂၆ ကောင်မှ အကောင် ၃၀ ခန့်ပါသည့် ချက်ထားသည့်ပုစွန် (Cooked tail on 26-30) ဈေးနှုန်းသည် ၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားသော်လည်း အဆိုပါ ပုစွန် များသည် အရေးကြီးသည့် လက်လီ ရောင်းကုန် တစ်မျိုးဖြစ်ကြောင်း သိရှိရ ပါသည်။ အခွံခွာထားသည့် ပုစွန် (peeled raw) မှာလည်း ယခုနှစ်ဧပြီလတွင် ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခင်နှစ် ဧပြီလ နှင့်နှိုင်း ယှဉ် ပါက ၁၇ ဒသမ ၅ ရာခိုင် နှုန်းမြင့်တက်ကြောင်း သိရှိရပါသည်။