Main menu

Background

မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှု အလားအလာကောင်းများစွာ ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်

Fri, 06/27/2014 - 04:35 -- ydnar

မြန်မာနိုင်ငံသည် ဆန်စိုက်ပျိုး ထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ခြင်း၊ ဆန် စက်လုပ်ငန်းကဏ္ဍ တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ေ ခါ်ခြင်းနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်ကျစရိတ်များလျော့ချခြင်းတို့ဖြင့် ယခုထက်နှစ်ဆတိုး တက် တင်ပို့ နိုင်မည့် အလား အလာေ ကာင်းများရှိ ကြောင်းနှင့် ဆန်စပါးကဏ္ဍတိုးတက် လာပါက ကျေးလက်ဒေသရှိ ပြည်သူ များအား ဆင်းရဲနွမ်းပါးမှု မှလွတ်ေြ မာက် စေရန် အကူအညီပြုနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ၁၁-၆-၂၀၁၄ ရက်နေ့က ထုတ်ပြန်သည့် Myanmar: Capitalizing on Rice Export Opportunities  အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့် (၁၀)နှစ်မှ (၁၅)နှစ်အတွင်းဆန်ဈေးကွက် အလားအလာကောင်းများကို ရရှိနိုင် ကြောင်း၊ အထူး သဖြင့် ဥရောပသမဂ္ဂ နှင့်အာရှနိုင်ငံများတွင်ဖြစ်ကြောင်း၊ သို့ သော်လည်းထုတ်လုပ်မှုလျော့နည်းခြင်း၊ ဆန်အရည်အသွေးမြင့် မားမှု မရှိခြင်း၊ အရင်းအနှီးလုံလောက်မှုမရှိခြင်း၊ ဆန်စက်များနှင့် အခြေခံအဆောက်အအုံများ အားနည်းခြင်း စသည့်အချက်များ က ဈေး ကွက် ရရှိရေးတွင် အတားအဆီး များဖြစ်စေကြောင်းလည်း ဖော်ပြထား ပါသည်။