Main menu

Background

မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှု အလားအလာကောင်းများစွာ ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်

Fri, 06/27/2014 - 04:49 -- ydnar

မြန်မာနိုင်ငံသည် ဆန်စိုက်ပျိုး ထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ခြင်း၊ ဆန် စက်လုပ်ငန်းကဏ္ဍတွ င် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေ ါ်ခြင်းနှင့် ပို့ကုန်တင် ပို့ရာတွင် ကုန်ကျစရိတ်များလျော့ချခြင်း တို့ဖြင့် ယခုထက်နှစ်ဆတိုးတက် တင်ပို့ နိုင်မည့် အလားအလာေ ကာင်း များရှိ ကြောင်းနှင့် ဆန်စပါးကဏ္ဍတိုးတက် လာပါက ကျေးလက်ဒေသရှိ ပြည်သူ များအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြော က် စေရန် အကူအညီပြုနိုင် မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ၁၁-၆-၂၀၁၄ ရက်နေ့က ထုတ်ပြန်သည့် Myanmar: Capitalizing on Rice Export Opportunities အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။ မြန်မာနိုင်ငံအနေဖြင့် လာမည့် (၁၀)နှစ်မှ (၁၅)နှစ် အတွင်းဆန်ဈေးကွက် အလားအလာကောင်းများကို ရရှိနိုင် ကြောင်း၊ အထူးသဖြင့် ဥရောပသမဂ္ဂ နှင့်အာရှနိုင်ငံများ တွင်ဖြစ်ကြောင်း၊ သို့ သော်လည်း ထုတ်လုပ်မှုလျော့နည်းခြင်း၊ ဆန်အရည်အသွေးမြင့်မားမှုမရှိခြင်း၊ အ ရင်းအနှီးလုံလောက်မှု မရှိခြင်း၊ ဆန် စက် များနှင့် အခြေခံအဆောက်အအုံများ အားနည်းခြင်း စသည့်အချက်များက ဈေးကွက်ရရှိရေးတွင် အတားအဆီး များဖြစ်စေကြောင်းလည်း ဖော်ပြထား ပါသည်။