Main menu

Background

တရားမဝင် ငါးဖမ်းယူမှု တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာလမ်းညွှန်ချက်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဝင်နိုင်ငံများက သဘောတူအတည်ပြု

Fri, 06/27/2014 - 04:53 -- ydnar

 
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) ၏ကော်မတီတစ်ရပ်ဖြစ်သည့် Committee on Fisheries(COFI) သည် တရားမဝင်ငါးဖမ်း ယူမှု များ  (illegal, unreported and unregulated-IUU)   ကိုတိုက်ဖျက်ရန် အဓိကခြေလှမ်း တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လမ်း ညွှန်ချက်တစ်ရပ်ဖြစ်သော ၤFAO Voluntary Guidelines for Flag State Performance   ကို သဘောတူ အတည် ပြုခဲ့ပါသည်။

အဆိုပါလမ်းညွှန်ချက်တွင် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ဝင်နိုင်ငံများသည် ငါး လုပ်ငန်းရေရှည်တည်တံ့မှုနှင့် ငါးလုပ် ငန်းနှင့်ဆက်နွ ယ်နေသော လူမှုဘဝများ ကိုအကြီးအကျယ်ခြိမ်းခြောက်လျက်ရှိ သည့်ကိစ္စများအနက် တရားမဝင်ငါး ဖမ်းခြင်း (IUU)ကို တားဆီးနို င်ေ ရး အတွက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဖော်ပြထားပါသည်။ တရားမဝင် ငါးဖမ်းမှုများနှင့် စပ် လျဉ်း၍ အရေအတွက် အတိအကျကို သိရှိနိုင်ရန် ခက်ခဲသော်လည်း နှစ်ပေါင်း ၂၀ အတွင်း တရားမဝင်ငါးဖမ်းယူမှုမှာ မြင့်တက်လျက်ရှိကြောင်းနှင့် နှစ်စဉ်တ ရားမဝင်ငါးဖမ်းယူမှုပမာဏသည် တန် ချိန် ၁၁ သန်းမှ ၁၆ သန်းအထိရှိနိုင် ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဘီလီ ယံမှ ၂၃ ဘီလီယံအထိရှိနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။ FAO Voluntary Guidelines for Flag State Performance သည် ဆန္ဒအလျောက်ပါဝင်မှု (voluntary) ဖြစ်သော်လည်း ယခုလမ်းညွှန်ချက် သည် နိုင်ငံတကာအနေဖြင့် တရားမဝင် ငါးဖမ်းမှုကို လာမည့်ဆယ်စုနှစ်များတွင် ပိုမိုတိုက်ဖျက်နိုင်မည့် လက္ခဏာ များဖြစ် ပါသည်။