Main menu

Background

အမေရိကန်နိုင်ငံတွင် ပရိဘောဂနှင့် ပရိဘောဂအသုံးအဆောင်ပစ္စည်းများ ဝယ်လိုအားမြင့်တက်မည်ဟု ခန့်မှန်း

Fri, 06/27/2014 - 04:58 -- ydnar

အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ သည့်စီးပွားရေးကျဆင်းမှုကြောင့် လွန်ခဲ့ သော ငါးနှစ်အတွင်းပြည်သူများ၏ ဝင် ငွေ၊ စားသုံးသူများ ၏ ဝယ်ယူလိုမှုနှင့် အိမ်ပိုင်ဆိုင်မှုများသိသိသာသာလျော့ကျခဲ့သဖြင့် ပရိဘောဂလုပ်ငန်းမှာများ စွာထိခိုက်ခဲ့ရသော်လည်း စီးပွားရေးြ ပန် လည်နာလန်ထူလာသည့် လက္ခဏာ များကြောင့် သစ်သားထည်အပါအဝင် ပရိဘောဂ (furniture and bedding)နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူ မှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မား လျက်ရှိပါသည်။ ပရိဘောဂလုပ်ငန်း၏ ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ်တွင် ပရိ ဘောဂဝယ်ယူမှုသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၉၈ ဘီလီယံသို့ရောက်ရှိနိုင် ကြောင်းနှင့် ၂၀၁၉ ခုနှစ် တွင် ဒေါ်လာ ၁၀၉ ဒသမ ၅ ဘီလီယံသို့ဆက်လက် မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းနှစ် အလိုက်ရောင်းချရမှု တန်ဖိုးများမှာ ဒေါ်လာ ၈၈ ဒသမ ၈ ဘီလီယံ၊ ဒေါ် လာ ၉၄ ဘီလီယံနှင့် ဒေါ်လာ ၉၄ ဒသမ ၉ ဘီလီယံ အသီး သီးဖြစ်ကြပါ သည်။