Main menu

Background

အီးယူ၏ အသားထုတ်လုပ်မှုနှင့် အသားဝယ်လိုအား တိုးတက်လာနိုင်

Fri, 06/27/2014 - 05:13 -- ydnar

 
အီးယူတွင်အသားဈေးနှုန်းသည် ၂၀၁၂ ခုနှစ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့် တက် ခဲ့ကြောင်း၊   ထိုသို့ မြင့်တက်ခဲ့ရခြင်းမှာ တိရစ္ဆာန် အစားအစာဈေးနှုန်း များ မြင့်တက်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် တွင် စိုက်ပျိုးရေး ထုတ်ကုန်များအထွက် နှုန်း တိုးတက်နိုင်ကြောင်း၊ သို့ဖြစ်၍ တိရစ္ဆာန်အစားအစာများ၏ ဈေးနှုန်း များကျဆင်း လာနို င်ကြောင်း၊သို့ရာတွင်

အသားဈေးနှုန်းများမှာ တည်ငြိမ်နေမည် ဟုခန့်မှန်းရကြောင်း၊ အီးယူတွင် စီးပွား ရေးအခြေအနေမှာ၊ ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး အသားထုတ်လုပ်မှုသည် လည်း တိုးတက်လျက်ရှိခြင်းကြောင့် အီးယူ၏ အသားစားသုံးမှုသည် ရေတို ကာလတွင်မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ ၂၀၁၄ တွင် အီးယူ၏လူတစ်ဦးချင်းအမဲသားစားသုံးမှုသည် ၂ ရာခိုင်နှုန်း တိုးတက်လာနိုင် ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်ဝက်သား ထုတ်လုပ်မှုသည်လည်း တိုးတက်လာ နိုင်ပြီး ဝက်သားဈေးနှုန်း များ လည်း အနည်းငယ်ကျဆင်းနိုင်ကာ အီးယူ၏ ဝက်သားစားသုံးမှုသည်လည်း သုည ဒသမ ၆ ရာခိုင်နှုန်း တိုးတက် လာနိုင် ကြောင်း ၊အလားတူမွေးမြူရေးကြက် ဘဲအသားများထုတ်လုပ်မှုသည်လည်း တိုးတက်လာနိုင်ပြီး စားသုံးမှုသည် လည်း ဆက်လက်မြင့် တက်နေ မည်ဟု ခန့်မှန်းရကြောင်း၊ သို့ရာတွင် အီးယူ၌ ဆိတ်သားသိုးသားစားသုံးမှုမှာ တဖြည်း ဖြည်း ကျ ဆင်းလျက်ရှိကြောင်း၊ အီးယူ၏ ဆိတ်သားသိုးသား ထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိသော်လည်း ၂၀၁၄  ခုနှစ်တွင် ပျမ်းမျှအားဖြင့် တည်ငြိမ် နေမည် ဟု ခန့်မှန်းရကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အီးယူ၏ ဆိတ်သား သိုးသား တင်ပို့မှုသည် ၅၀ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး တင်ပို့မှုစုစုပေါင်း၏ ၅၈ ရာခိုင် နှုန်းအား ဟောင်ကောင်သို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ အီးယူ သိုးဆိတ်အရှင်များ အပေါ် ဂျော်ဒန်နိုင်ငံ၊ လစ်ဗျားနိုင်ငံနှင့် လက်ဘနွန်နိုင်ငံတို့၏ ဝယ်လိုအား မှာလည်း တိုးတက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် အီးယူ၏ သိုးဆိတ်အရှင်များ တင်ပို့မှု သည် တန်ချိန် ၃၄၀၀၀ ထိရှိ လာနိုင်ကြောင်း ဥရောပကော်မရှင် ၏စိုက်ပျိုးရေးဆိုင်ရာ အစီရင်ခံ စာတစ် စောင် တွင် ဖော်ပြ ထားချက်အရ သိရှိရ ပါသည်။