Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံတွင် Delhaize Group မှ စတိုးဆိုင်ပေါင်း ၁၄ ဆိုင်နှင့် ဝန်ထမ်း ၂၅၀၀ ခန့် လျော့ချရန်စီစဉ်

Fri, 06/27/2014 - 06:14 -- ydnar

 
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် အ စားအစာလက်လီရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်သောDelhaize Group သည် ၎င်းင်း၏ပြိုင်ဆိုင်နိုင် မှုတိုးတက်စေ ရေးအတွက် ဘယ်လ်ဂျီယံ နိုင်ငံရှိDelhaize   အစားအစာ လက်လီစတိုး ဆိုင်ပေါင်း ၁၄ ဆိုင်နှ င့် ဝန်ထမ်း ၂၅၀၀ ခန့်အားလျော့ချသွားမည်ဖြစ်ကြောင်း ဇွန်လဒုတိယပတ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယင်းသို့ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းတွင်Delhaize   အစား အစာလက်လီစတိုးဆိုင် ၄၀ မှဝန်ထမ်း များသည် အလုပ် လုပ် ကိုင်ခြင်းကို ရပ် ဆိုင်း၍Delhaize Group  မှတာဝန် ရှိသူများအား ကန့်ကွက်ဆန္ဒပြခဲ့ကြပါ သည်။ ဘယ်လ်ဂျီယံနိုင်ငံတွင်Delhaize Group သည် စူပါမားကတ် ၁၃၈ ခု အပါအဝင်အစားအစာလက်လီစတိုး ဆိုင်ပေါင်း ၈၅၄ ဆိုင်ဖွင့်လှစ်ထားပြီး ဝန်ထမ်း ၁၅၀၀၀ ကျော်ခန့်အပ်ထားပါ သည်။ ၂၀၁၃ ခုနှစ်တွင်Delhaize  သည် ရောင်းချမှုဝင်ငွေစုစုပေါင်း ယူရို ၅ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီး ဘယ်လ် ဂျီယံနိုင်ငံတွင် ၎င်းင်း၏ဈေးကွက်ဝေစုမှာ ၂၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍Delhaize  လက် လီအရောင်းဆိုင်များသည် Aldi   နှင့်Lidl တို့ကဲ့သို့သော လက်လီဆိုင်ကြီးများ ၏တိုး တက်ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင် နေရပါသည်။Delhaize  စတိုးဆိုင်များ မှဝန်ထမ်းများ၏ လစာနှင့် စရိတ်များ သည် ၎င်း၏ပြိုင်ဖက် စတိုးဆိုင်ကြီးများ မှဝန်ထမ်းများ၏ လစာနှင့် စရိတ်များသည်၎င်း၏ပြိုင်ဘက်စတိုးဆိုင်ကြီး များမှ ဝန်ထမ်းများ၏ လစာနှင့် စရိတ် များ ထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်း အထိပိုမိုများြ ပားကြောင်းDel-haize Group  ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရှိရပါသည်။