Main menu

Background

ဂျာမနီနိုင်ငံသို့ နယ်သာလန်နိုင်ငံမှ ဟင်းသီးဟင်းရွက်အများဆုံး တင်သွင်းလျက်ရှိ

Fri, 06/27/2014 - 06:17 -- ydnar

 
ဂျာမနီနိုင်ငံသည် နှစ်စဉ်ဟင်းသီး ဟင်းရွက်တန်ချိန် ၃ သန်းခန့်(တန်ဖိုး အားဖြင့် ယူရို ၃ ဒသမ ၅ ဘီလီယံခန့်) တင်သွင်းလျက်ရှိပါ သည်။ ပြည်တွင်း ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုသည် တန်ချိန် ၃ ဒသမ ၇ သန်းခန့်ရှိပါသည်။ ဂျာမနီနိုင်ငံ၏ ဟင်းသီးဟင်းရွက် တင်ပို့မှု သည် ပျမ်းမျှအားဖြင့် နှစ်စဉ် ၄၅၀၀၀၀ ခန့် ရှိပါသည်။ ဂျာမနီနိုင်ငံတွင် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဟင်းသီး ဟင်းရွက်များမှာ ကညွှတ်၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ကြက်သွန်မြိတ်နှင့် ပန်းဂေါ်ဖီစိမ်းစသည် တို့ ဖြစ်ကြပါသည်။

ခရမ်းချဉ်သီး၊ သခွားသီးနှင့် ငရုတ် ပွတို့သည် ဂျာမနီနိုင်ငံ၏ အဓိကသွင်း ကုန်များဖြစ်ကြပါသည်။ ဂျာမနီနိုင်ငံသို့ ဟင်းသီး ဟင်းရွက်များ အများဆုံးတင် သွင်းလျက်ရှိသည့်နိုင်ငံမှာ နယ်သာလန် နိုင်ငံဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဂျာ မနီနိုင်ငံသည် နယ်သာလန်နိုင်ငံမှ ဟင်း သီးဟင်းရွက်တန်ချိန် ၁၁၇၀၀၀၀ ခန့် တင်သွင်းခဲ့ပါသည်။  ဂျာမနီနိုင်ငံသို့ ဟင်းသီးဟင်းရွက်များ ဒုတိယ အများဆုံး တင်သွင်းလျက်ရှိသည့်နိုင်ငံမှာစပိန်နိုင်ငံ ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဂျာမနီ နိုင်ငံသည် စပိန်နိုင်ငံမှ ဟင်းသီးဟင်း ရွက်တန်ချိန် ၁၀၁၀၀၀၀ ခန့်တင်သွင်းခဲ့ ပါသည်။ ဂျာမနီနိုင်ငံသို့ ဟင်းသီးဟင်း ရွက်များ တတိယအများဆုံးတင်သွင်း လျက်ရှိ သည့်နိုင်ငံမှာ အီတလီနိုင်ငံဖြစ် ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဂျာမနီနိုင်ငံ သည် အီတလီနိုင်ငံမှ ဟင်းသီးဟင်းရွက် တန်ချိန် ၂၉၀၀၀၀ ခန့်တင်သွင်းခဲ့ပါ သည်။ဂျာမနီနိုင်ငံ၏အခြားသောအဓိက သွင်းကုန်ကုန်သွယ်ဖက်နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင် ငံနှင့် ပြင်သစ်နိုင်ငံ တို့ ဖြစ်ကြပါသည်။ အီဂျစ်နိုင်ငံနှင့် မော်ရို ကိုနိုင်ငံတို့ကဲ့သို့သော အခြားသောနိုင်ငံ များမှလည်း ဟင်းသီးဟင်းရွက်တင်သွင်း မှုများမှာ တိုးတက်လျက်ရှိပါသည်။ အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ် ပါက ဂျာမနီနိုင်ငံတွင် ဈေးလျှော့ရောင်း  ခြင်းကို နှစ်သက်သူပို၍များပါသည်။ ပုံ မှန်ဈေးနှုန်းဖြင့် ရောင်းချသော စူပါမား ကက်များထက်ဈေးလျှော့ရောင်းချသော စူပါမားကက်များတွင် ပို၍ဝယ်ယူ အား ပေးလေ့ ရှိပါသည်။ ထို့ကြောင့် စူပါမား ကက်များသည် ၎င်းင်းတို့၏ကုန်စည်များ အား အပြိုင်အဆိုင်ဈေးလျှော့ရောင်း လေ့ရှိပါသည်။ သို့ဖြစ်၍ ဂျာမနီနိုင်ငံ တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့်နိမ့်ကျလေ့ရှိပါသည်။  ဟင်းသီးဟင်းရွက်ဈေး ကွက်တွင် အော်ဂဲနစ်ဟင်းသီးဟင်းရွက်များ၏ ေ၀ စုမှာ ပြင်သစ်နိုင်ငံကဲ့သို့မများလှသော် လည်း အော်ဂဲနစ်ဟင်းသီးဟင်းရွက်အ မျိုးအစားများမှာ စုံလင်လှပါသည်။ ရောင်းချလျက်ရှိသော အော်ဂဲနစ်ဟင်း သီးဟင်းရွက်၏ ၅၀ ရာခိုင်နှုန်းကျော် သည် မုန်လာဥနီ များဖြစ်ကြပါသည်။ ဂျာမနီနိုင်ငံတွင် ဝယ်လိုအားသည် ဈေး နှုန်းကိုလိုက်၍ ပြောင်းလဲပါသည်။ ဂျာ မနီဈေးကွက်သည် ပြိုင်ဆိုင်မှု လည်းများ သောကြောင့် ရောင်းချသူများသည် မိမိ တို့၏ထုတ်ကုန်များအား အရည်အသွေး မြှင့်လျက် တန်ဖိုးမြှင့်ထုတ်ကုန် များအ ဖြစ်ပြောင်းလဲပြီး ကုန်ပစ္စည်း အမှတ်တံ ဆိပ်ကိုလည်းခိုင်မာစေရန်တည်ဆောက် သင့်ပါသည်။