Main menu

Background

စိတ်ရောဂါလက္ခဏာများ

Fri, 06/27/2014 - 06:55 -- ydnar

 
စိတ်ရောဂါရှိရင် စိတ်နှင့်ပတ်သက် တဲ့အလုပ်အကိုင်များ၊အပြုအမူများပြောင်း လဲတတ်တယ်။ပြောင်းလဲတတ်တဲ့အပြု အမူ၊အတွေးအခေါ်များမှာ အောက်ပါ အတိုင်းဖြစ်တယ်။အမှန်ကိုမသိခြင်း(သို့မဟုတ်) ခံစားမှု မှားခြင်း (Illusion) ယင်းတွင်မြင်ရတွေ့ရသောအရာ ကို သဘာဝအမှန်အတိုင်းမသိမြင်ဘဲ၊ လွဲချော်၍သိမြင်ခြင်းဖြစ်တယ်။ ဥပမာ ထီးကိုမမြင်ဘဲ ဓားလို့မြင်သူ၊ ထီးကိုင် လာတဲ့သူကို ဓားကိုင်လာတဲ့သူစသဖြင့် ခံစားမှုမှား ခြင်းဖြစ်တယ်။ ဥစ္စာ စောင့်သိုက်ထဲက လာတာစသဖြင့် မိမိ ကိုယ်မိမိမဖြစ်နိုင်တာတွေး၍ခံယူတယ်။

တကယ်မရှိဘဲ၊ တကယ်ရှိသည်၊ မြင် သည်၊ ကြားသည်ဟုယုံကြည်ယူဆ ခံစားရခြင်း (Hallucination) ခန္ဓာကိုယ်၏အာရုံငါးပါး၌ အပြင် မှလှုံ့ဆော်မှုမရှိဘဲ တစ်ခုခုကို တကယ်ရှိသည် ဖြစ်သည် ဟုခံစားရခြင်း ဖြစ်တယ်။ ဥပမာအသံမရှိဘဲ အသံကြား ခြင်း၊ ဘာမျှမရှိဘဲ တစ်ခုခုကိုမြင်ရခြင်း၊ အနံ့ရခြင်း၊ထိတွေ့ခြင်း၊ အရသာခံရခြင်း တို့ပြတယ်။ တကယ်ထွက်ရပ်မပေါက်ဘဲ ထွက်ရပ်ပေါက်သည်ထင်ခြင်း၊ အကြား အမြင်ရသည်ဆိုခြင်းများမှာ စိတ်ရောဂါ အရခံစားမှု လွန် ကဲခြင်းဖြစ်တယ်။အတွေးအခေါ်လွဲချော်ခြင်း စိတ်ရောဂါရှိသူတို့၌ တစ်ခုခုကို တွေးလျှင်အဆုံးထိမတွေးနိုင်။ တွေးခေါ် ပါကလည်းလွဲချော်တတ်တယ်။ ရပ်တန့် သွားတတ်တယ်။ အတွေးအခေါ်တစ်ခု မှတစ်ခုရုတ်တရက်ခုန်ကျော်ပြောင်းလဲ တတ်တယ်။ ထို့အပြင်မိမိတွေးထင်ချက် မှာ သဘာဝမကျ၊ ဓမ္မဓိဋ္ဌာန်ကျမကျကို လက်မခံဘဲ မိမိ အယူအဆအရ မည်မျှ ပင်သဘာဝမကျကျ တရားသေဆုပ် ကိုင်ထား တတ်တယ်။မှားယွင်းသောအတွေးအခေါ်ကို စွဲလမ်းခြင်း စိတ်ရောဂါရှိသူဟာ တစ်ခါတစ်ရံ အယူအဆသစ်တစ်ခုကို တရားသေစွဲ ကိုင်ထားရုံမက မှားမှန်းသိလျက်နဲ့ အယူအဆ လက်ခံထားတယ်။ မိမိလက် သန့်ရှင်းမှန်းသိရက်နဲ့ မကြာခဏလက် ဆေးခြင်း၊ ညမအိပ်မီ တံခါးများသေချာ စွာပိတ်ထားလျက် မကြာခဏကြည့် ခြင်းမျိုးဖြစ်တယ်။အထင်အမြင်များကွဲလွဲခြင်း(ီDelusion) ပတ်ဝန်းကျင်ဖြစ်ပျက်ပြောင်းလဲ မှုများဟာ ပုံမှန်မဟုတ်။ သဘာဝမကျ၊ မိမိနှင့်မသက်ဆိုင်မှန်းသိလျက်၊သက်ဆိုင် သည်ဟု ထင်ကြတယ်။ မိမိကိုမကောင်း ကြံသူဟုထင်နေတယ်။ ယင်းမှာ အထင် အမြင်မှားမှု လွန်ကဲစွာဖြစ်ပေါ် ခြင်းဖြစ် တယ်။ စိတ်ကစင့်ကလျား ရောဂါ (ှSchizophrenia)  နှင့် ဦးနှောက်မှာ ရောဂါအနာတရဖြစ်သူများမှာဖြစ်တတ် တယ်။ မိမိကိုယ်မိမိ ဘုရင်ဟုထင်မြင် ခြင်းမျိုးဖြစ်တယ်။ မှတ်ဉာဏ်ယိုယွင်းပျက်စီးခြင်း ဦးနှောက်ကို ဒဏ်ရာရလျှင်ဖြစ် စေ၊ စိတ်ရောဂါရလျှင်ဖြစ်စေ မှတ် ဉာဏ်ပြောင်းလဲသွားတတ်တယ်။ အချို့ လုံးဝသတိ မရ မေ့ကုန်တယ်။ အချို့မှတ် မိတာမှတ်မိပြီး အချို့လုံးဝမေ့ကုန်တယ်။ အယ်ဇိုင်းမား (Alzheimers) ရောဂါ ဟာယင်း အဖြစ်မျိုးဖြစ်တယ်။ ဦးနှောက် နားထင်အုံ (Temporul) ဒဏ်ရာရ ရင်ဖြစ်တယ်။သတိတရားချို့ယွင်းခြင်း သို့မဟုတ် သတိပျက်ခြင်း (Disorders of Consciousness) မိမိ၌ဘာဖြစ်နေတယ်။ မိမိပတ် ဝန်းကျင်၌ဘာပြောင်းလဲနေတယ်ဆိုတာ သိခြင်းမှာ လူကောင်းတို့၏ပုံမှန်အသိ တရားဖြစ် တယ်။အသိတရားပျက်ရင် လူများမိမိပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်တော့ပါ။ ထို့သို့ချို့ယွင်းရင်စိတ် ရောဂါခံစား ရပြီ ဟု ပြောနိုင်တယ်။ ဝတ်ချင်သလိုဝတ်၊ စားချင်သလိုစားနေကြ တယ်။ တွေးမိတွေးရာ ငေးမိငေးရာ ကြောင်နေတယ်။ ပတ်ဝန်း ကျင် ကို လုံးဝမေ့သွားတတ်တယ်။ခံစားမှုနှင့် စိတ်လှုပ်ရှားမှုပြောင်း လဲခြင်း(Feeling  Emotion Changes) အကြောင်းမခိုင်လုံဘဲ၊ အကြောင်း တစ်စုံတစ်ရာမရှိဘဲ၊ အပျော်လွန်ခြင်း၊ ကခုန်မြူးထူးခြင်း၊ ငိုယိုခြင်း၊ ပူဆွေး နေခြင်း၊ ကြောက်လန့်စိုးရိမ်ခြင်း၊ စိတ်ပူ ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်းတို့လွန်ကဲပါ ကစိတ်ရောဂါလက္ခဏာများဖြစ်ပြီး  ဘာပဲ ဖြစ်ဖြစ် မတုန်မလှုပ်နေရင်လည်း ခံစားမှုမဲ့စိတ်ရောဂါဖြစ်တယ်။အသိဉာဏ်ပညာပျက်စီးခြင်း (Inte-lligence) မည်သည့်အရာကိုမှ ယထာဘူတ ကျစွာမတွေးခေါ်တတ်၊ မလုပ်ကိုင် တတ်ရင်၊အသိပညာပျက်စီးယိုယွင်းခြင်း ဖြစ်တယ်။ အချို့မှာ မွေးကတည်းက အသိဉာဏ်အလုံအလောက်မပါဘဲ အချို့မှာ ဦးနှောက်(သို့)စိတ်ရောဂါ ကြောင့် အသိဉာဏ်ယိုယွင်း လာတယ်။ တစ်နှင့် တစ်ပေါင်းရင် ရလဒ်မသိသလို မိမိဘာသာတစ်ယောက်တည်း မသွား တတ်၊ မလာတတ်။ မလုပ်ကိုင် တတ်ဖြစ် နေတယ်။ စိတ်ကစဉ့်ကလျားရောဂါ (သို့) အသက်ကြီးရင့်၍ စိတ်ချို့ယွင်းမှု ရဲ့လက္ခဏာ၊ သူငယ်ပြန်ခြင်းလက္ခဏာ များဖြစ် တယ်။အပြုအမူလုပ်ရှားမှုများ မူမမှန်ခြင်း (Behaviour Motor disorder) သွက်သွက်ခါရူးနေသူများဟာ အ ကြောင်းမရှိဘဲ၊ ကခုန်မြူးတူးနေတယ်။ အခြားသူများကိုရိုက်မောင်းပုတ်မောင်း လုပ်လိုတယ်။ စိတ်ဓာတ်ကျလွန်းနေသူ များဟာ မည်သို့မျှမလှုပ်မယှက်မှိုင်၍ ထိုင်နေကြတယ်။ ဤသည်မှာ စိတ် ဖောက်ပြန် ရူးသွပ်မှု  (manic depre-ssion state) ရဲ့ လက္ခဏာပဲဖြစ်တယ်။ အချို့သူများက ခန္ဓာကိုယ်လှုပ်ရှားမှုကို အပြည့်အစုံမပြုလု ပ်နိုင်။ ပြုံးရယ်ခြင်း ကို ပုံမှန်မလုပ်နိုင်၊ ဤသည်ကို စိတ် ကစဉ့်ကလျားရောဂါရဲ့လက္ခဏာတစ်ရပ် အဖြစ်တွေ့ရတယ်။ အကြော အချဉ် ဆိုင်း ရောဂါ (သို့) ပါကင်ဆန်ရောဂါ(Perkinsen's disease)မှာရောဂါရှိသူ ကလုံးဝပြုံးရယ်မရ။ မျက်နှာက မျက်နှာ ဖုံးစွပ်ထားသလိုသေနေတယ်။ အချို့က အဆက်မပြတ်လှုပ်နေတတ်တယ်။ တစ် ဦးဦးကခိုင်းစေသလို လုပ်နေတယ်။ ရွတ် ဖတ်နေတယ်။အချို့ထိုင်ခိုင်းလျှင် မထိုင်၊ ထခိုင်းလျှင် မထ။ ဘူးခံနေတယ်။စကားပြောမမှန်ခြင်း(Slurred speech) စကားပြောမမှန်ရင် လုံးဝမပြော ဆိုပဲနေရင် ယင်းဟာ သဘာ၀ မကျတဲ့ စိတ်ရောဂါလက္ခဏာပဲဖြစ်တယ်။ ဆရာ ဝန်နှင့် ပြသကုသသင့်တယ်။စာရေးသားပုံပြောင်းလဲချွတ်ချော် ခြင်း စာရေးတတ်သူများဟာ စိတ်ရော ဂါရရင် စာရေးချင်သလို ရေးတတ်တယ်။ အများရေးတဲ့အတိုင်းလိုက်မရေး၊ အ ဆန်းထွင်၍ လုပ်တတ်တယ်။ ဒီဇိုင်းလုပ် ရေးတတ်တယ်။ ဤသည်မှာ စိတ်ကစဉ့် ကလျားရောဂါသည်များမှာ တွေ့ရတတ် တယ်။ အဓိပ္ပါယ်မရှိအဆက်မပြတ်ရေး နေတတ်သလို မရေးဘဲလည်း ကြောင် ကြည့်နေတတ်တယ်။