Main menu

Background

အချိန်မှန်အိပ်စက်ခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်အလေးချိန်ရရှိစေနိုင်

Fri, 06/27/2014 - 07:03 -- ydnar

 
နေ့စဉ်အချိန်မှန်အိပ်စက်ခြင်း၊နိုးထခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် အစားအစာ စားသုံးမှု၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှား မှုများ နဲ့ဟော်မုန်းများကို အကျိုးသက်ရောက်စေတယ်လို့ သုတေသီများရဲ့ လေ့လာချက်များက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံ Utah &Sd Brigham Young University rSBruce W-Bailey နဲ့ အဖွဲ့ဟာ သက်ကြီးပိုင်း အမျိုးသမီး ၃၃၀ ကျော် ကို ခေါ်ယူပြီး အိပ်စက်မှုရဲ့ ခန္ဓာကိုယ်အလေးချိန်ပေါ် သက်ရောက်မှုကို လေ့လာမှုပြုခဲ့ကြပါတယ်။

လေ့လာမှုစတင်သည်နဲ့ ခန္ဓာကိုယ် အခြေအနေ၊ အနေအထားဖွဲ့စည်းမှုကို ရှေးဦးကြည့်ရှုပြီးမှ နေ့အခါ လှုပ်ရှားမှုနဲ့ ညအခါအိပ်စက်မှုတို့ကို ခြေရာကောက်နိုင်တဲ့ စက်တစ်ခုစီပေးလိုက်ပါတယ်။ လေ့လာသူများဟာ အိပ်စက်မှုပုံစံအား တစ်ပတ် ကြာခြေရာ ခံမှတ်တမ်းမှတ်ယူထားကြပါတယ်။ဒီအခါ နေ့စဉ် အချိန်မှန်အိပ်စက်ခြင်း၊ အချိန်မှန်နိုးထခြင်းပြုလုပ်သူများ မှာခန္ဓာ ကိုယ်မှာအဆီဓာတ်နည်းတာတွေ့ရပါတယ်။မိနစ် ၉၀ကြာ အိပ်စက် နိုးထမှု အချိန်ကွာခြားသူများမှာ မိနစ် ၆၀ ကြာ အိပ်စက်နိုး ထမှု အချိန်ကွာခြားသူများထက်ခန္ဓာကိုယ်အဆီဓာတ်များ ပိုမိုစုစည်းတာတွေ့ရှိရပါတယ်။ ပုံမှန်အိပ်စက်ခြင်း၊ အိပ်ယာ ထခြင်း အလေ့အကျင့်ဟာအဆီများခြင်း၊အဝလွန်ခြင်းတို့ကို ထိန်းကျောင်းနိုင်စွမ်းရှိပါတယ်။သုတေသနပြုလေ့လာသူများကအချိန် မှန်မှန် အိပ်စက်ခြင်း ၊အိပ်ယာထခြင်း၊ အိပ်ချိန်လုံလောက်ခြင်းဟာ ငယ်ရွယ်သူမိန်းကလေးငယ်များအနေနဲ့ ခန္ဓာကိုယ်မှာ အဆီ ပိုများ မရှိစေရန် သဘာဝနည်းလမ်းနဲ့ ပြုပြင်မွမ်းမံရာရောက်တယ်လို့ ဖော်ထုတ်ပေးခဲ့ပါတယ်။