Main menu

Background

အိန္ဒိယပဲဈေးကွက်မှာ လတ်တလော အရောင်းအဝယ်အေးပြီး ဈေးငြိမ်

Thu, 07/03/2014 - 05:11 -- ydnar

 
အိန္ဒိယနိုင်ငံရဲ့ လက်ကား ဈေး ကွက် အတော်များများမှာ ယခင်ရက် တွေက ဝယ်လိုအားများပြီး ဈေးအမြင့် နဲ့ပိတ်ခဲ့ပြီးတဲ့နောက် လတ်တလောမှာ အရောင်းအဝယ်ပါးပြီး ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဝင်ရောက်မှုရော ဝယ် ယူမှုပါ နည်းနေတယ် လို့ လည်း ဈေးကွက်က ဆိုပါတယ်။ ဝယ်လိုအားပါးနေတဲ့အတွက် ဈေးကွက်မှာတော့ သို လှောင်မှုကအလုံအလောက်ရှိနေသေး တယ်လို့လည်း ဆိုပါတယ်။ အနောက်တောင်မုတ်သုန်မိုးက

ကာနာတာကာ၊တမီလ်နာဒူနဲ့အနောက် ဘင်ဂေါစတဲ့ဒေသတွေမှာ ထပ်ပြီး ရွာ သွန်းနေတယ်လို့ သိရပါတယ်။ စိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ ၂၀၁၄-၁၅ မိုးပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့နှစ် ထက် ဟက်တာ ၂ ဒသမ ၄၅ သိန်းမြင့် တက်တယ်လို့ သိရပါတယ်။ ပြည်ပက တင်သွင်းတဲ့ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲဝါလေးတွေက ဇွန်၊ ဇူလိုင်လ တွေမှာ ဝင်ရောက်မယ့် အစီအစဉ်တွေ လည်း ရှိနေတယ်လို့ သိရပါတယ်။ ဈေးအနိမ့်မှာ ဝယ်ယူ မှုတွေရှိနေပေမယ့် ပဲအဆက်မပြတ်ဝင်ရောက်မှုတွေရှိနေ တာက ကာလတိုအတွင်း ဈေးနှုန်းများ များမြင့်တက်နိုင်မှာ မဟုတ်ဘူး လို့လည်းagriwatch မီဒီယာမှာ ခန့်မှန်းထား ကြောင်း သိရပါတယ်။