Main menu

Background

ဇွန်လ နောက်ဆုံးပတ် ပခုက္ကူ ကုန်စည်ဒိုင်

Thu, 07/03/2014 - 05:15 -- ydnar

 
ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ စတုတ္ထ ပတ်ဖြစ်တဲ့ ဇွန်လကုန်ရက် နောက် ဆုံးပတ်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံတွေ အနေ နဲ့ ပဲစင်းငုံနီ၊ ကုလားပဲ ဖြူကြီး၊ စွန်တာနီ (ကျွန်း)၊ ပြောင်းဖူးစေ့ စီပီ၊ ပဲနီပြား၊ ပဲယင်း(မြစ်ခြေ)၊ နှမ်းညို သစ်၊ ဟောင်း ဆိုတာတွေ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဖော်ပြပါသီးနှံ အမယ်များဟာ နောက်ဆုံးပတ်အတွင်း နေ့စဉ်နေ့တိုင်း အရောင်း အဝယ် ဖြစ် တာ မဟုတ်ပါဘူး၊ တစ်နေ့ကို သီးနှံ ၃-၄-၅ မျိုးလောက်သာ အရောင်း အဝယ်ဖြစ် တာ ကို တွေ့ရပါ တယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၅ ကျပ်၊ တစ် တင်း ၁၈၇၀၀ ကျပ်မှ တစ်ပိဿာ ၉၆၀ ကျပ်၊ တစ်တင်း ၁၉၂၀၀ ကျပ်ဆို တော့ တစ် တင်း အပေါ် ၅၀၀ ကျပ် လောက်ဈေးတက်လာတယ်လို့ ပြော ရမှာဖြစ်ပါတယ်။ ရန်ကုန်ဝယ်လက်များ ခပ်စိပ်စိပ်ဆွဲ လာ လို့ ဈေး အနည်းငယ် မြောက်လာတယ်လို့ သုံးသပ်ရပါတယ်။

ပဲလက်ကျန်  မြို့ပေါ်မှာအိတ် ၅ သောင်း ဝန်းကျင်မှာ ကျန်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ကုလားပဲဖြူကြီး တစ်ပိဿာ ၇၄၇ ကျပ်၊ တစ်တင်း ၁၄၂၀၀ ကျပ်မှ တစ်ပိဿာ ၇၄၂ ကျပ်၊ တစ်တင်း ၁၄၁၀၀ ကျပ်ပါ၊ ရန်ကုန် -မန္တလေး အဆွဲမရှိ သလောက် လို့ ပြော ရမှာပါ။ ဒေသခံ လှောင်လက် အချင်း ချင်းဈေးကွက် မပျက်ရုံ   လှည့်ဝယ်နေ တယ်လို့ သုံးသပ်ရပြီး ပစ္စည်းလက် ကျန် နည်းတယ်လို့ သိရပါတယ်။ စွန်တာနီ ကျွန်း တစ်ပိဿာ ၈၆၈ ကျပ်၊ တစ် တင်း ၁၆၅၀၀ ကျပ်မှ တစ်ပိဿာ ၈၅၇ ကျပ်၊ တစ် တင်း ၁၆၃၀၀ကျပ်ဈေးပါ။သူလည်းပဲဒေသခံလှောင်လက်အချင်း ချင်းလှည့်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ သဘော ပါ။ ပြောင်း ဖူးစေ့ စီပီတစ်ပိဿာ ၄၃၈ ကျပ်၊တစ်တင်း ၇၉၀၀ကျပ်မှ တစ် ပိဿာ ၄၅၀ ကျပ်၊ တစ်တင်း ၈၁၀၀ ကျပ်ပါ။ ပြောင်းဖူးစေ့ စီပီအနေနဲ့ ယခင်ဈေးတန်း နေရာမှ တရုတ်အဆွဲ လှုပ်လှုပ်ရှားရှား ရှိလာလို့ ဈေးတက်လာ ပါတယ်။ မန္တလေးလက် အဆွဲများပြီး တရုတ် ဘက် ဆက်ထွက်တယ်လို့ သိရ ပါတယ်။ ပဲနီပြား တစ်ပိဿာ ၉၂၁ ကျပ်၊ တစ်တင်း၁၇၅၀၀ ကျပ်တစ်ရက်တည်း အရောင်းအဝယ်ဖြစ်ပြီး ဒေသသုံးပဲလို့ ပြောရမှာပါ၊ ပဲယင်း (မြစ်ခြေ) တစ် ပိဿာ ၉၇၅ ကျပ်၊ တစ်တင်း ၁၉၅၀၀ ကျပ် ပါ၊ ယခင်က တစ်တင်း ၂၄၀၀၀ ကျပ်လောက် အထိ ဖြစ်ခဲ့တာဆိုတော့ သူလည်းပဲ အကျဘက်မှာပါ၊ ဒေသခံ လှောင်လက် ကြာဇံစက်တွေ မျှဝေဆွဲ တယ်လို့ သိရပါ တယ်။ နှမ်းညိုအသစ် တစ်ပိဿာ ၂၅၆၆ ကျပ်၊ တစ်တင်း ၃၈၅၀၀ ကျပ်၊ နှမ်းညို အဟောင်း တစ် ပိဿာ၂၄၀၀ ကျပ်၊ တစ်တင်း ၃၆၀၀၀ ကျပ်ပါ၊ ပွဲရုံတစ်ခုချင်းမှာ များများစား စားရတာမဟုတ်ပါဘူး။ ပွဲရုံတစ်ရုံမှ အိတ် ၁၀-၂၀-၃၀ လောက်နေ့ စဉ် ဝင် နေတာပါ။မန္တလေးဝယ်လက်ရော၊ ဒေသခံဆီစက်များရော စောင့်ပြီး နည်းနည်းချင်း စုဆောင်းကာ တင်ပို့ ခြင်း၊ ကြိတ်ခွဲြ ခင်းအတွက် စောင့်ဝယ် ကြတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ကုန်ပစ္စည်း အတော်များများ လက်ကျန်နည်းနေ တယ်လို့ သိရပါတယ်။ ယောဒေသက ဝင်တဲ့ပစ္စည်း ကလည်း လက်ကျန်မရှိ သလောက်၊ပြင်ဒေသသီးနှံများကလည်း မိုးလေဝသ အခြေအနေအရ ပစ္စည်း မထွက်နိုင်တာကြောင့် ဇွန်လ ၂၁ ရက် နေ့က ပခုက္ကူ ကုန်စည်ဒိုင်မှာ ကုန် သွယ်မှု မြှင့်တင်ရေး ခရိုင်ဦးစီးမှူးနဲ့ ပခုက္ကူကုန်စည်ဒိုင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲမှာ ကုန်စည် ဒိုင် တာဝန်ရှိသူများက နောက်လပိုင်း ကုန်လောက်ဆိုရင် ထိုင်နေရမဲ့ အနေ အထား ရှိတယ်လို့ ပြောကြပါတယ်။ မနှစ်ကလည်း ရာသီဥတုကြောင့် ယောဒေသနဲ့ ဆက်သွယ်မှုရှိတဲ့ ပွဲရုံ များသာ အလုပ်ဖြစ်ခဲ့ပြီး ပြင် ဒေသ အဆက် အသွယ် ပွဲရုံများအနေနဲ့ ငုတ် တုတ်မေ့ခဲ့တယ်လို့ သိရပါတယ်။ ယော ဒေသဘက်ကို ဆက်သွယ်မေး မြန်း ကြည့်ရာမှာ ယခုအချိန်ထိရာသီဥတု ကောင်းမွန်လို့ နှမ်းများ၊ပဲတီစိမ်းများ ဖြစ် ထွန်းအောင်မြင်နေတယ်ဆိုတဲ့ သတင်း ကောင်း များ လည်း ကြား ရ ပါတယ်။ဘာပဲ ပြောပြော ပခုက္ကူကုန်စည်ဒိုင်မှာ ဈေး များအေးပြီးအရောင်းအဝယ်လေးတယ် လို့ ပြောရမှာပါ။