Main menu

Background

Slave Labour အသုံးပြုခြင်းမရှိဟု အေးခဲထားသော အစားအစာ ထုတ်လုပ်သူများမှ ခိုင်မာစွာ ပြောကြား

Thu, 07/03/2014 - 15:28 -- ydnar

 
အေးခဲအစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ ၎င်းင်းတို့အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်သတ် မှတ် ထားသောအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာကြောင်း၊ ငါးလုပ်ငန်းတွင် အလုပ်သမားများကို ကျွန်ကဲ့သို့ ခိုင်းစေ သည်သို့မဟုတ် ကျွန်ကဲ့သို့ အခိုင်းခံရသောအလုပ်သမား (Slave Labour) များအသုံးပြုသည်ဆို သောစွပ်စွဲချက်သည် မှားယွင်း သည်ဟု ခိုင်မာစွာပြောဆိုခဲ့ကြောင်းသိရှိရပါသည်။

အေးခဲ အစားအစာ ထုတ်လုပ် သည့်လုပ်ငန်းများတွင်Slave Labour အသုံးပြုခြင်းကို လျစ်လျူပြုခြင်း မရှိ ကြောင်း၊ စီးပွားဖက် များနှင့် အဓိက ကုမ္ပဏီကြီးများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများတိုက်ဖျက်ရေးကို ကြိုး ပမ်းလျက်ရှိကြကြောင်း၊ ၎င်းင်းတို့၏ အကျိုးစီးပွားအတွက်သာမက နိုင်ငံ၏နာ မည် (ပုံရိပ်)တိုးတက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းေ အးခဲအစားအစာထုတ်လုပ်သူများ အသင်း (Thai Forzen Foods Association-TFFA)ဥက္ကဋ္ဌMr. Panisuan  က ပြော ကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည်Trafficking Victims Protection Act \ Minimum Standards  ကို လိုက်နာခြင်း မရှိသောနိုင်ငံ စာရင်း တွင်ရှိနေကြောင်း၊ တစ်နည်းအားဖြငTier 2/ အဆင့် (၂) တွင် ရှိနေကြောင်း အမေရိကန်အလုပ် သမား ဦးစီး ဌာန မှ ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုကိစ္စများ / ပြစ်မှုများကို ဆောင်ရွက် ရာတွင် နှေး ကွေးနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်ဖွယ် ရာဖြစ်သည် ဟTrafficking in Persons Report (TIP)  တွင်ဖော်ပြထား ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ အဆင့်သည် အနိမ့် ဆုံးဖြစ်သည့်Tire 3 သို့ကျဆင်းသွားပါ ကပိုမိုတင်းကျပ်သော ကုန်သွယ်မှုဆိုင် ရာ ပိတ်ဆို့မှုများ (Trade Sanctions)ကိုရင်ဆိုင်ရဖွယ်ရှိပြီး ငွေကြေးအကူအ ညီများ (ပေးရန်) ငြင်းဆိုခြင်း ခံရနိုင် ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့်Tire 3   သို့ ရောက်ရှိသွားပါက စီးပွားရေးလုပ်ငန်း များကိုထိခိုက်မည်မှအသေအချာပင် ဖြစ်ကြောင်း၊ သို့ရာတွင်TFFAအဖွဲ့ဝင် ကုမ္ပဏီများသည် အနေအထားနှင့် ကိုက်ညီအောင်ညှိနှိုင်းနိုင်စွမ်းရှိကြောင်း၊ ဥပမာအားဖြင့် အခြားဈေး ကွက်သစ်များ ရှာဖွေနိုင်ကြောင်းMr.Panisuan ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေ ဖြင့် ပြီးခဲ့သည့်နှစ်တစ်နှစ်လုံးတွင် လူ ကုန်ကူးမှု ကိစ္စများကို ဖြေရှင်းဆောင် ရွက်ရာတွင် တိုးတက်မှုရှိခဲ့သည်ဟု ယုံ ကြည်လျက်ရှိကြကြောင်း၊ အမေရိကန် အနေဖြင့် ၎င်းင်း၏၂၀၁၄ ခုနှစ်TIP တွင် ထိုင်းနိုင်ငံအား အဆင့်ကောင်းကောင်း ပေးနိုင်သည်ဟု မျှော်လင့်ထားကြ ကြောင်း သိရှိရပါသည်။