Main menu

Background

အီးယူနှင့် ထိုင်းနိုင်ငံတို့ သဘောတူ စာချုပ်များ ချုပ်ဆိုမည့် အချိန်ကိုအီးယူရွှေ့ဆိုင်း

Thu, 07/03/2014 - 15:33 -- ydnar

 
ဥရောပသမဂ္ဂ (EU) သည် ထိုင်း နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာ ချုပ်ချုပ်ဆိုခြင်း ကို အချိန်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ဒီမိုကရေ စီနိုင်ငံအဖြစ် အမြန်ဆုံးပြန် လည် တည် ဆောက် ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရားဝင် ခရီးစဉ်များ (official visits) ကိုလည်း ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း၊ EU နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ထိုင်းနိုင်ငံ၌ ဒီ မိုကရေစီနည်းလမ်း အရ ရွေးချယ် တင် မြှောက်သော အစိုးရဖွဲ့စည်းပြီးမှ သာလျှင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရှိ ရပါ သည်။

အီးယူ-ထိုင်း လွတ်လပ်စွာ ကုန် သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိ နှိုင်းဆွေးနွေးမှုများအပေါ် အကျိုးသက် ရောက်မှုရှိ/မရှိ မသေချာကြောင်း၊  အီးယူ၏ စာရင်းများအရ ၂၀၁၃ ခုနှစ် ၌အီးယူနှင့် ထိုင်းနိုင်ငံအကြား ကုန် သွယ်မှုသည် ယူရို ၃၂ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၄၃ ဒသမ ၃ ဘီလီယံ) ရှိခဲ့ကြောင်း သိရှိရပါသည်။ ထုတ်ပြန်ကြေညာချက်မူကြမ်း(Draft Statement)တွင် အီးယူအနေ ဖြင့် ပြန်လည်သုံးသပ်ချက်အရ ထိုင်း နိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း၊ အခြေအနေ အပေါ်မူတည်၍ ဖြစ်နိုင်သောနည်း လမ်းများကို ထည့်သွင်း စဉ်းစားမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်သော အနေအထားသို့ ပြန် လည်ရောက်ရှိရန်အတွက် ယုံကြည် စိတ်ချလောက်သော လုပ်ငန်းစဉ် (Roadmap)နှင့် အများယုံကြည်လက် ခံနိုင်သော ရွေးကောက်ပွဲကျင်းပခြင်း သည်သာလျှင် အီးယူ၏ ဆက်တိုက် ထောက်ပံ့မှုကို ရရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။