Main menu

Background

တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ကန့်ကွက်

Thu, 07/03/2014 - 15:45 -- ydnar

 
ထိုင်းနိုင်ငံ၌ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများသည် နိုင်ငံ၏ တည် ငြိမ်မှုအပေါ်စိုးရိမ်လျက်ရှိခြင်းကို ကိုး ကား၍ တရုတ် ခရီးသွား ဧည့်သည်များ အတွက် free visa  မပေးရန်တင်ပြ တိုက်တွန်းလျက်ရှိပါသည်။free visa သည်ခရီးသွားလုပ်ငန်းကို တိုးမြင့်စေ သော်လည်း နိုင်ငံခြားသားများအား လူ ဝင်မှုကြီးကြပ်ရေးကိစ္စ  (immigration process) များကို ရှောင်ကွင်းနိုင်စေ မည်ဖြစ်ကြောင်းခရီးသွားလုပ်ငန်းဆောင် ရွက်သူများစွာမှ ဆွေးနွေးသုံးသပ်ကြ ကြောင်း သိရှိရပါသည်။

ယင်လပ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံမှ ခရီးသွားဧည်သည့်အရေ အတွက်မြှင့်တင်ရန် ရည်ရွယ်၍ တရုတ် ခရီးသွား များအား ဗီဇာကြေးသက်သာ ခွင့်ပေးရန် အဆိုပြုချက်ပေါ်ပေါက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တရုတ်ခရီးသွားဧည့် သည်တိုးမြင့် လာခြင်းသည် ၂၀၁၄ ခုနှစ် ၌ခရီးသွားလုပ်ငန်း ဝင်ငွေ ၂ ထရီလီယံ ရရှိရန် အထောက်အကူပြုနိုင်သည်ဟု မျှော် လင့် ခဲ့ကြေ ကြာင်း သိရှိရပါသည်။ အဆိုပါဗီဇာကိစ္စများကို ခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့(TAT) မှ လေ့ လာဆန်းစစ်ခဲ့ရာတွင် free visa သည် အဆင်ပြေ (အချိန်မကုန်၊ လူမပင်ပန်း စေ)သော်လည်း သေသေချာချာစဉ်း စားရမည့် အချက်များစွာ ရှိနေသည်ကို တွေ့ရှိရကြောင်း ၊ လောေ လာဆယ်တွင်တရုတ်ခရီးသွားဧည့်သည်အများစုသည် သာမန်/သုံးစွဲမှုနည်းသော (low-end)  ခရီးသွားများ သာဖြ စ်ကြော င်း၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများ ကဲ့သို့သော အဓိကပြိုင်ဘက်နိုင်ငံများ သည်လည်း တရုတ်ခရီးသွား ဧည့်သည် များကို free visa   မပေးကြောင်း သိရှိ ရပါသည်။    သို့ရာတွင်TAT  ၏လေ့လာမှုအရ လာရောက်သည့် တရုတ်ခရီးသွားဧည့် သည်အများစုသည်low-end ိ ခရီးသွား များမ ဟုတ်ဘဲ middle-end and high-end ခရီးသွားဧည့်သည်များဖြစ် ပါက အနာဂတ်တွင် တရုတ်ခရီးသွား များအား free visa  ပေးနိုင်သည့် အနေ အထားရှိကြောင်း တွေ့ရှိရပါသည်။ တရုတ်ဈေးကွက်သည် ထိုင်းခရီး သွားလုပ်ငန်းအတွက် အရေးကြီးသော ဈေးကွက်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်း အောင်မြင်ရန် တရုတ်ကဲ့သို့သော ခရီး သွားဧည့်သည်ဈေးကွက်ကြီးကို စတင် ဆွဲဆောင်သင့်ကြောင်း၊ ဗီဇာကြေးသက် သာခွင့်/ကင်းလွတ်ခွင့်ပေးခြင်းသာလျှင် တရုတ်ခရီးသွားဧည့်သည်များကို ဆွဲ ဆောင်ရန် အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း ကောင်စီ(TCT) ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။