Main menu

Background

ထားဝယ်စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရန် ထိုင်း NESDB မှ ကြိုးပမ်း

Thu, 07/03/2014 - 15:49 -- ydnar

 
ထားဝယ် စီမံကိန်း အကောင်အ ထည်ဖော်ဆောင်ရွက်မှုသည် သေချာမှု မရှိသေးကြောင်း၊ အစိုးရ၏ စီမံကိန်း ဌာနအနေဖြင့် ထားဝယ် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်/မည်သို့ ဆောင်ရွက်ရမည်နှင့် ပတ်သက်၍National Council for Peace and Order (NCPO)လမ်းညွှန်မှုရယူရန် လို အပ်နေသေးကြောင်း သိရှိရပါသည်။

လောလောဆယ်တွင် ထားဝယ်စီ မံကိန်းနှင့်ပတ်သက်၍ (ဆောင်ရွက်ပြီး ဖြစ်သည့်) ရင်းနှီးမြှုပ်နံှမှုကုန်ကျစရိတ် များကို စစ်ဆေးဆဲ /ပေးရန်သင့်လျော် သောပမာဏသတ်မှတ်ရန် ဆောင်ရွက် နေဆဲဖြစ်ပါသည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများအနေဖြင့် အခြေခံအဆောက် အဦနှင့် ရေ၊ လျှပ်စစ်ဓာတ်အားစသည် တို့တွင် ရင်းနှီးမြှုပ်နှံခြင်း မရှိပါက စီမံ ကိန်းအကောင်အထည်ဖော်ဆောင်ရွက် ရန် ခက်ခဲမည်ဖြစ်ကြောင်း NESDBအတွင်းရေးမှူးချုပ်Mr.Arkhom  က သတိေ ပးပြော ကြားခဲ့ပါသည်။ အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအဖွဲ့ (NESDB) သည် နောက် ဆုံးဆောင်ရွက်ပြီးစီးမှုအခြေအနေကိုNCPO  သို့တင်ပြပြီး စစ်အစိုးရ၏ လမ်း ညွှန်မှုကို တောင်းဆိုမည်ဖြစ်ကြောင်း၊ NCPO အနေဖြင့် စီမံကိန်းကို ဆက် လက်ဆောင်ရွက်ရန် သဘောတူပါကNESDBသည်စီမံကိန်းဖွံ့ဖြိုးတိုးတက် မှုကို ကြီးကြပ်ရန်မြန်မာနှင့်ထိုင်းနိုင်ငံ အကြားကော်မတီတစ်ခုသာ ထားရှိ မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် အစိုးရ လက်ထက်၌ စီမံကိန်းကို ကြီးကြပ်ရန် အဆင့်မြင့် ကော်မတီနှင့် ညှိနှိုင်း ပူး ပေါင်းဆောင်ရွက်မှု ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း  သိရှိရပါသည်။