Main menu

Background

ထိုင်းနိုင်ငံ၏ ငွေကြေးမူဝါဒကော် မတီ

Thu, 07/03/2014 - 15:57 -- ydnar

 
ထိုင်းနိုင်ငံ၏ ငွေကြေးမူဝါဒကော် မတီသည် ၁၈-၆-၂၀၁၄ ရက်နေ့၌ကျင်း ပခဲ့သော အစည်းအဝေးတွင် မူဝါဒအ တိုးနှုန်း/စံ အတိုးနှုန်းကို ၂ ရာခိုင်နှုန်းမှာ ပင်ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါ သည်။ အမေရိကန်နိုင်ငံသည် ပိုမိုခိုင်မာ သော အလုပ်သမားနှင့် အိမ်ရာဈေး ကွက်များနှင့်အတူ ဆက်လက်တိုးတက် လျက်ရှိေ ကြာင်း၊ ဥရောပတွင် စီးပွား ရေးပြန်လည်နာလန်ထူလာလျက်ရှိ ကြောင်း၊

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် သင့်တင့်သောနှုန်းဖြင့် ဆက်လက်တိုး တက်နေကြောင်း၊ တရုတ်နိုင်ငံ၌ ငွေ ကြေးကဏ္ဍတွင် စွန့်စားရမှုများလျော့ပါး သက်သာသွားကြောင်း၊ အာရှနိုင်ငံများ တွင်လည်း ပြည်ပတင်ပို့မှုသည် နှေး ကွေးနေသော ပြည်တွင်းဝယ်လိုအားကို တစ်စိတ်တစ်ဒေသအားဖြင့် ကာမိစေ သောကြောင့် စီးပွားရေးတည်ငြိမ်နေ ကြောင်း သိရှိရပါသည်။    ထိုင်းနိုင်ငံ၌ နိုင်ငံရေးအရ မသေ ချာမှုများသည် ပြည်တွင်းဝယ်လိုအား နှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့ သောကြောင့် ၂၀၁၄ ခုနှစ် ပထမသုံးလ ပတ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းခဲ့ပါသည်။ ကုန်စည်ကုန်သွယ်မှု သည် သင့်တင့်စွာြ ပန်လည်တိုးတက် ကောင်းမွန်ခဲ့သော်လည်း ကျဆင်းနေ သော ပြည်တွင်းဝယ်လိုအားကို ကာမိ စေခြင်းမရှိကြောင်း၊ ကုန်စည် ကုန်သွယ် မှုနှင့် ခရီးသွားလုပ်ငန်းပြန်လည်နာလန် ထူလာမှုနှေးကွေးနေခြင်းသည် စီးပွား ရေးတိုးတက်မှုအတွက် အကျဖက်ဦး တည်နိုင်သော စွန့်စားရမှုကိုဖြစ်ပေါ်စေ ကြောင်း၊ တစ်ချိန်တည်းမှာပင် ငွေကြေး ဖောင်းပွမှုသည် မြင့်တက်လျက်ရှိကြောင်း သုံးသပ်ကြပါသည်။ နိုင်ငံရေးအရ မသေချာမှုများ လျော့နည်းသွားခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသော အစိုးရမူဝါဒစီမံ ခန့်ခွဲမှုပြန် လည်အသက်ဝင်လာခြင်းတို့ ကြောင့် စီးပွားရေးနာလန်ထူလာမှုသည် အရှိန်မြင့်တက်လာနိုင်ကြောင်း၊ ပိုမို တက်<ကသော ဘဏ္ဍာရေးမူဝါဒနှင့် လက်ရှိငွေကြေးမူဝါဒသည် စီးပွားရေး နာလန်ထူလာမှုကို အားဖြည့်ပေးနို င် ကြောင်း ငွေကြေး မူဝါဒကော် မတီ က ယူဆပါသည်။ သို့ဖြစ်ရာ ကော်မတီအ နေဖြင့် လက်ရှိမူဝါဒအတိုးနှုန်းကို မ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ငွေကြေးမူဝါဒကော်မတီအနေဖြင့်  စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ တိုးတက် ပြောင်းလဲမှုများကို အနီးကပ်စောင့် ကြည့်သွား မည်ဖြစ်ကြောင်း၊ စီးပွားရေး နာလန်ထူလာမှုဆက်လက်အားကောင်း နေစေရန်နှင့် ရေရှည်တွင် ငွေကြေး တည်ငြိမ်မှုရှိစေရန် အတွက် သင့်လျော် သော မူဝါဒကိုလက်ကိုင်ပြုဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။