စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနရဲ့ (၁၇)ကြိမ်မြော က် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကို ဇူလိုင် ၅ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ပစ္ဆိမာရုံ ပါဠိ တက္ကသိုလ် စာသင်တိုက်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ပစ္ဆိမာရုံပါဠိတက္ကသိုလ် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ပါတယ်။ ဆက်လက်ပြီး <ကရောက် လာကြသော ဌာနဆိုင် ရာ အကြီးအကဲ များ၊ကူးသန်းရောင်းဝယ်ရေးနဲ့စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနဲ့ မိသားစုများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေး နှင့်စားသုံးသူရေးရာဦးစီးဌာနမှ နဝကမ္မ အလှူတော်ငွေ ကျပ်၁၀သိန်းအား ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီးတို့မှပစ္ဆိမာရုံပါဠိတက္ကသိုလ်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တကောဏ္ဍညအား လှူဒါန်း ပေးအပ်ခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေးနဲ့စားသုံးသူ ရေးရာဦးစီးဌာနမှ ဆရာဒကာကျောင်း ဖြစ်တဲ့ ပစ္ဆိမာရုံပါဠိတက္ကသိုလ် စာသင် တိုက်သို့ စတင်ကိုးကွယ်ချိန်မှစ၍လှူဒါန်း ငွေအစုစုနဲ့ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းမှုအစုစုမှာ ကျပ် ၆၉၇ သိန်း ကျော် (၆၉၇၁၈၉၄၀ကျပ်) ရှိပြီ ဖြစ် ပါတယ်။ အခမ်းအနားကို နံနက်၁၀း၃၀ နာရီအချိန်တွင် ဗုဒ္ဓသာသနံစိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ကြွရောက်လာကြ သည့် သံဃာေ တာ် များအား ဆွမ်းဆက် ကပ် လှူဒါန်းခဲ့တယ်လို့ သတင်းရရှိ ပါတယ်။