၂၀၁၄ ဇွန်လအတွင်း ရုရှားနဲ့ EU နိုင်ငံများသို့ မြန်မာ့ဆန်၊ ဆန်ကွဲနဲ့ ပေါင်းဆန် တန်ချိန် တစ်သောင်းငါးထောင်ကျော် တင်ပို့
၂၀၁၄ ခုနှစ် ဇွန်လအတွင်းမှာ ရုရှားနဲ့ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာ့ ဆန်၊ ဆန်ကွဲနဲ့ပေါင်းဆန်များ စုစုပေါင်း တန်ချိန် ၁၅၄၇၃ တန်၊ တန်ဖိုးကန် ဒေါ် လာ ၅၃၄၉၁၀၀ ဖိုးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ EU နိုင်ငံများဖြစ်တဲ့ စပိန်နဲ့ စလိုဗေးကီး ယား နိုင်ငံများသို့ မြန်မာ့ဆန်ဖြူ ဧည့်မထ ၅ မှတ်နဲ့ ငစိန် ၅ မှတ်ဆန်များ တင်ပို့မှုရှိခဲ့ပါတယ်။ နိုင်ငံအလိုက် အမျိုးအစားအလိုက် တင်ပို့ နိုင်မှုတွေကတော့ စပိန်နိုင်ငံသို့ ဧည့်မထ ၅ မှတ်ဆန် တန် ၅၀၀၊ ငစိန် ၅ မှတ်ဆန်တန် ၁၅၀၀ နဲ့ စလိုဗက်ကီး ယားနိုင်ငံသို့တန်ချိန် ၁၀၀ အသီးသီး တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၂၁၀၀၊ တန်ဖိုး ကန်ဒေါ်လာ ၈၅၈၅၀၀ ဖိုးဖြစ် ကြောင်း သိရှိရပါတယ်။
ပေါင်းဆန် ဧည့်မထ ၅ မှတ် ဆန်များအား ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၁၂၅၀၊ တန်ဖိုးကန်ဒေါ်လာ ၅၆၃၂၅၀ ၊ ပြင်သစ်နိုင်ငံသို့ ၄၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂၁၆၀၀၊ ချက် သမ္မတနိုင်ငံသို့ ၂၇၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၂၁၅၀၀ နဲ့ ရုရှားနိုင်ငံသို့ တန်ချိန် ၁၃၇၅ တန်၊ တန်ဖိုးကန်ဒေါ် လာ ၆၃၂၅၀၀ ဖိုးတင်ပို့ခဲ့ပြီး၊ ဇီယာ ၅ မှတ်ပေါင်းဆန်ကိုတော့ တန်ချိန် ၂၀၀၊ တန်ဖိုး ကန်ဒေါ်လာ ၉၀၀၀၀ ကို ပြင်သစ်နိုင်ငံသို့လည်းကောင်း၊ တန်ချိန် ၄၀၀၊ တန်ဖိုးကန်ဒေါ်လာ ၁၈၀၀၀၀ ဖိုးကို ချက်သမ္မ တနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ရာ စုစုပေါင်းတန်ချိန် ၃၅၄၈ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ် လာ ၁၆၀၈၈၅၀ ဖိုး တင်ပို့မှုရှိကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့ဆန်ကွဲမျိုးစုံကို လည်းတင်ပို့မှုရှိခဲ့ပြီးB (1,2)ဆန်ကွဲ အမျိုးအစားများကိုတော့ ဘယ်လ်ဂျီ ယံ နိုင်ငံသို့ တန် ချိန်၂၅၀၀၊တန်ဖိုး ၇၄၀၀၀၀ ဒေါ်လာ၊အီတလီနိုင်ငံသို့ တန်ချိန် ၂၉၅၀၊ တန်ဖိုး ၈၅၅၅၀၀ ဒေါ်လာ၊ စပိန်နိုင်ငံသို့တန်ချိန် ၂၅၀၊ တန်ဖိုး ၇၂၅၀၀ ဒေါ်လာနဲ့ ရိုမေးနီးယားနိုင်ငံသို့ တန်ချိန် ၁၂၅ တန်၊ တန်ဖိုး ၃၆၂၅၀ ဒေါ်လာဖိုး တင်ပို့နိုင်ခဲ့ပြီး၊ ဆန်ကွဲB (2,3, 4) အမျိုးအစားများကိုတော့ နယ်သာလန်နိုင်ငံသို့ တန်ချိန် ၁၅၀၀၊ တန်ဖိုး ၄၅၀၀၀၀ ဒေါ်လာ၊ ပြင်သစ် နိုင်ငံသို့တန်ချိန် ၅၀၀၊ တန်ဖိုး ၁၅၀၀၀၀ ဒေါ်လာနဲ့ဗြိတိန်နိုင်ငံသို့တန်ချိန် ၁၅၀၀၊ တန်ဖိုး ၄၂၇၅၀၀ ဒေါ်လာဖိုးအသီးသီး တင်ပို့နိုင်ခဲ့ ပါတယ် ။ ပေါင်း ဆန် ဆန်ကွဲ အမျိုးအစားB (2,3,4)ကိုတော့ ဘယ်လ် ဂျီယံနိုင်ငံသို့တန်ချိန် ၅၀၀၊ တန်ဖိုး ဒေါ်လာ ၁၅၀၀၀၀ ဖိုး တင်ပို့နိုင်ခဲ့ တာ ကြောင့် ဆန်ကွဲအမျိုးအစားအလိုက် စုစုပေါင်းတန်ချိန် ၉၈၂၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂၈၈၁၇၅၀ ဖိုးတင်ပို့နိုင် ခဲ့ ကြော င်း သတင်း ရရှိပါတယ်။
