Main menu

Background

ဇူလိုင် ပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် Export ပဲ ဝယ်လက်ဆွဲပေမဲ့ ဒေသသုံးပဲ ဝယ်လက်အေးနေ

Mon, 07/07/2014 - 08:02 -- ydnar

 
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ပထမပတ် ပဲမျိုးစုံဈေးကွက်မှာExport  ပဲ တွေဖြစ်ကြတဲ့ ငုံနီ၊ စိမ်းကြီး၊ မတ်ပဲနဲ့ CP ပြောင်းဖူးေ စ့ ဈေးကွက်တို့ ဝယ်လက်ဆွဲအားကောင်းလို့ ဈေးမာနေကြ ပြီး၊ ဒေသသုံး ဝယ်လက်သာရှိကြတဲ့ ကုလားပဲမျိုးစုံ၊ ထောပတ်ပဲ၊ ပဲကြီး၊ စွန် တာနီတို့ ဈေးပျော့ကာ ဝယ်လက်အေး နေတယ်လို့ ဒိုင်ဈေးကွက်က သိရပါ တယ်။ ပဲတီစိမ်းကြီးအနေနဲ့ မနှစ်က ဈေး ကောင်းရလို့  တောင်သူတွေ မျှော်လင့် ချက်နဲ့ မိုးကြိုပဲအဖြစ် ရေသွင်းစိုက်ပျိုး မှုများပြား ခဲ့သလို ဒေသစုံစိမ်းကြီးတွေ ယနေ့ထိ ဒိုင်ကို ဝင်လာဆဲဖြစ်ကာ တရုတ်ဝယ်လက်ဆွဲအား ပြန်ကောင်း လာတဲ့ အတွက်ယခုတစ်ပတ်ထဲမှာ တစ် တင်း၃၄၅၀၀ကျပ်ကနေ ၃၆၅၀၀ ကျပ် ထိ ဈေးမြောက်လာခဲ့ပြီး တစ်ရက် အိတ် ၂၀၀၀ ခန့် ဝင်သမျှရောင်းရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပဲစင်းငုံနီဈေးကွက်ကတော့ ယခု ချိန်ထိ Export  ငြိမ်နေပေမဲ့ ဒီနှစ်ငုံနီ စိုက်ပျိုးချိန် ကာလက အနည်းငယ် နောက် ကျလာ တဲ့အထိ လျာထားဧက မပြည့်သေးသလို စိုက်ပြီးသမျှ ရှင်ဖို့ ကလည်း မိုးအပေါ် မူတည်နေရတဲ့ အတွက် လာမဲ့ပဲပေါ်ချိန်မှာ ပုံမှန်ထက် အထွက်နည်းနိုင်ဖွယ်ရှိတယ်လို့ တောင် သူတွေနဲ့ ကုန်သည်တချို့က ခန့်မှန်း ထားကြတာ တွေ့ရပါတယ်။ ဒီ အတွက် ငုံနီဈေးကွက်ဟာ မငြိမ်သက်ဘဲ တစ်နေ့ တစ်ဈေးပြောင်းလဲနေရာယခု တစ်ပတ် အတွင်းတစ်တင်း၂၁၀၀၀ကျပ်၊ ၂၀၃၀၀ ကျပ်၊ ၂၀၇၀၀ ကျပ်အသီးသီး ပေါက် ဈေးဖြစ်လျက်ရှိပါတယ်။အရောင်း အဝယ်အားဖြင့်လည်းရန်ကုန်ဝယ်လက် ဆွဲတဲ့နေ့မှာ အိတ်ထောင်ချီ ဖြစ်ခဲ့ပေမဲ့ ပုံမှန်အားဖြင့် ကုန်သည်အချင်းချင်း ဝယ်ယူမှု ရာဂဏန်းမျှသာ ဖြစ်တယ်လို့ ဒိုင်ဈေး ကွက်က သိရပါတယ်။ Export အတွက် ဝယ်လိုအားရှိ ပေမဲ့ ကုန်သည်လက်ဝယ် လက်ကျန် လျော့နေတဲ့ မတ်ပဲကတော့ ရံဖန်ရံခါ မှ ပေါက်ဈေး ဖွင့်နိုင်ပြီး ဝယ်လိုအားကသာ လို့ တစ်တင်း ၂၅၀၀၀ ကျပ်ထိ ဈေးပေး ဝယ်ပေမဲ့အရောင်းအဝယ်ပမာဏ နည်း နည်းသာ ဖြစ်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ CP ပြောင်းဖူးစေ့ ဈေးကွက်က ယခုတစ်ပတ်မှာ ဆက်လက်မာနေကာ တစ်တင်း ၈၃၀၀ ကျပ်ထိ အမြင့်ဈေး ပေါက်ခဲ့ပြီး နယ်ကပစ္စည်းအဝင်ပေါ် မူတည်ကာ အရောင်းအဝယ် အား ကောင်းသွက်လက်နေလို့တစ်ရက်အိတ် ၃၀၀၀ မှ ၄၀၀၀ ကြား ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ကျန်တဲ့ ပဲမျိုးစုံဈေးကွက်မှာတော့ ပဲကြီးဟာဒေသသုံး အဝယ်သာရှိလို့တစ် တင်း ၂၂၀၀၀ ကျပ်မှာ ဈေးတန့်နေပြီး တစ်ရက်အိတ်၂၀၀ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကာ၊ထောပတ်ပဲလည်းတစ်တင်း ၂၄၀၀၀ ကျပ်မှာဈေးငြိမ်နေပြီး  ပဲ လက်ကျန် နည်းနေတယ်လို့ သိရပါ တယ်။ စွန်တာနီက တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ကသည်းပဲတစ်တင်း၁၈၀၀၀ ကျပ် ဈေးတွေမှာ ငြိမ်နေပြီး၊ဝယ်လိုအားရှိပေမဲ့ ပစ္စည်းကိုင်ထားတဲ့ ကုန်သည်တွေက တက်ဈေး စောင့်ရောင်းနေကြလို့ အရောင်း အဝယ်အေးေ န တယ် လို့ ဒိုင် ရပ်ကွက်ကဆိုပါတယ်။  အထူးသဖြင့် တစ်ချိန်က Export   ဈေးကွက်မှာ ထင် ပေါ်ခဲ့တဲ့ကု လားပဲမျိုး စုံဈေး ကွက်အနေ နဲ့ မန်းနဲ့ ရန်ကုန်ဝယ်လက် မျှော်ရင်း ဒေသခံစက်သမား၊ လုပ်ငန်းသုံးသမား တွေအဝယ်နဲ့သာစခန်းသွားနေရလို့ ကျ ဈေးနဲ့ ငြိမ်နေခဲ့ရာ ယခုတစ်ပတ်အတွင်း မှာကုလားပဲထိုင်ဝမ်တစ်တင်း ၁၃၉၀၀ ကျပ်၊ V2တစ်တင်း ၁၄၃၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၃၈၀၀ ကျပ် အသီး သီးအမြင့်ဈေးရခဲ့တယ်လို့ မုံရွာကုန် စည်ဒိုင် ပဲဈေးကွက်က သိရပါတယ်။