Main menu

Background

ဇူလိုင်လဆန်း ပြည်ပဲဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံဈေးမြင့်ရနေပြီး အခြားပဲများ ဈေးအေး အရောင်းအဝယ်ဖြစ်နေခဲ့

Mon, 07/07/2014 - 08:06 -- ydnar

 

ဇူလိုင်လဆန်း ပြည်ပဲမျိုးစုံ ဈေး ကွက်မှာ ပဲအချို့ဈေးမြင့်တက်လာခဲ့ တာကို တွေ့ရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံ သီးနှံများ ရန်ကုန်ဝယ် လို အား ကောင်း နေတာကြောင့် ဈေးမြင့်တက်ခဲ့သလို ကုလားပဲနဲ့ ပဲကြီးသီးနှံကတော့ ဒေသ တွင်းသာ အရောင်း အဝယ်ဖြစ်လျက် ရှိ လို့ဈေးလည်းအေးအရောင်းအဝယ်လည်း အေးခဲ့ကာ ယခင်တစ်ပတ် ဈေးထက် ထပ်မံကျ ဆင်းသွား ခဲ့ပါ တယ်။ ပဲပုပ်သီး နှံကတော့ ဈေးငြိမ်နေခဲ့တယ်လို့ သိရပါ တယ်။

မတ်ပဲသီးနှံမှာပန်းတောင်း၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲဘက်မှ တစ်ရက်ကို အိတ် ၃၀၀ ကျော် ဝင်ရောက်သလို ယခုတစ်ပတ် မှာ ရန်ကုန်ဝယ်လက်ဈေးကောင်းပေး ဝယ်နေကြတဲ့အတွက် လက်ကျန်ပဲများ ထုတ်ရောင်းချ လာကြတာကို တွေ့ရပါ တယ်။ တစ်ရက်ကို အိတ် ၄၀၀ ကျော် ထိ အရောင်းအဝယ်သွက်သလို ပဲဈေး နှုန်းကလည်း တစ်တင်း ၂၅၄၀၀ ကျပ်မှ ၂၆၃၀၀ ကျပ်ထိ ကျပ်တစ်ထောင်နီးပါး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန် ဝယ် လက်အဝယ်ရှိလို့ တစ်တင်း ၁၉၇၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် ဈေးပိုလာခဲ့ပြီး အိတ် ၅၀၀ ကျော်ထိ တချို့ရက်များ မှာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ ပဲကြီး သီးနှံများမှာ ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ အရောင်း အဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲကြော်ဖို သမားနဲ့ လက်လီ သမား အဝယ်ရှိပြီး ပဲကြီး(ရွှေကျွန်း)တစ်တင်း၂၅၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၂၅၀၀ ကျပ်ဖြင့် ဇွန်လကုန်ဈေးထက် ထပ်မံဈေးလျော့ နည်း ကျဆင်းသွားခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှုပမာဏကတော့ တစ်ရက် အိတ် ၁၅၀ ကျော်နေ့စဉ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲသီးနှံကလည်း ယခုနှစ် တစ်နှစ်လုံး ဈေးငြိမ်ငြိမ်နဲ့သာ ယခင်နှစ် ဈေးကို မမီဘဲ တစ်တင်း ၁၅၀၀၀ ကျပ်၊ တစ်ပတ် လည်သာ အရောင်းအဝယ်ဖြစ် ခဲ့ကြသလို ယခု ဇူလိုင်လဆန်းမှာ ဇွန် လကုန်ဈေးထက် တစ်တင်း ၇၀၀ ကျပ် ခန့် ဈေးေ လျာ့သွားခဲ့ပါတယ်။ အိတ် ၁၅၀ ခန့်သာဝင်ရောက်ခဲ့ပြီး ဒေသတွင်း လက်လီသမားနဲ့ ခွဲစက်သမားများပုံမှန် အဝယ်ရှိလို့ အရောင်း အဝယ်ပုံမှန် ဖြစ် ခဲ့ပြီး ဈေးအေးသွားတာကို တွေ့ရပါ တယ်။ ပဲပုပ် သီးနှံကတော့ လက်ကား သမား ဝယ်ယူမှုထက် လက်လီသမား များသာ အရောင်းအဝယ် ဖြစ်ခဲ့လို့ တစ် ရက်အိတ် ၁၀ အိတ် ကျော်ခန့် တစ် တင်း ၂၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါ တယ်။ ယခုဇူလိုင်လဆန်း ပဲဈေးကွက်ရဲ့ အရောင်း အဝယ် သွက်နေတဲ့ ပဲကတော့ ပဲစင်းငုံနဲ့ မတ်ပဲသီးနှံဖြစ်ပြီး ဈေးလည်း မြင့်လာသလို ပဲပုပ်ဈေး ငြိမ်ခဲ့ပြီး အခြားပဲများဈေးအေး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။