Main menu

Background

ပဲမျိုးစုံ အလုံအလောက်ရှိတဲ့ အိန္ဒိယရဲ့အလားအလာ

Mon, 07/07/2014 - 08:20 -- ydnar

 
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံအနေ နဲ့ ပဲပိုမိုတင်သွင်းရမယ့်အခြေအနေ ရှိပေမဲ့ ပြည်တွင်းပဲဈေးကွက်မှာ စိုးရိမ်ဖို့ မရှိဘူးလို့ businessstandard မီဒီ ယာမှG Chandrashekhar  ကပြော ကြားထားပါတယ်။ ပဲမျိုးစုံနဲ့ ဆန် (သို့ မဟုတ်) ပဲမျိုးစုံနဲ့ အိန္ဒိယ ပေါင်းမှုန့် ဖြူလို့ပဲဆိုဆို ပရိုတိန်းပြည့်ဝတဲ့ ပဲက တော့ နိုင်ငံတစ်ဝန်းအဓိကအစားအစာ အဖြစ်အစဉ်အမြဲရှိနေပါတယ်။ ကနေ ဒါ၊ အမေရိကန်၊ သြစတြေးလျနဲ့ မြန်မာ တို့လို တင်ပို့တဲ့နိုင်ငံများက အိန္ဒိယကို အဓိကဈေးကွက်အဖြစ်ထားရှိကာ စိုက် ပျိုးထုတ်လုပ်လျက်ရှိပါတယ်။

 
ရောင်းချမှု စာရင်းတွေ ဘယ် လောက်ပဲပြပြ စားသုံးဖို့အတွက် ပဲမျိုး စုံအမှန်တကယ်ရရှိနိုင်မှုကတော့ အဲဒီ စာရင်းေ တွ ရဲ့အောက်မှာပဲရှိနေပါသေး တယ်။ ဥပမာအနေနဲ့ ၂၀၁၃-၁၄ ခုနှစ် အတွက် စုစုပေါင်းရောင်းချမှုက ပြည် တွင်းထုတ်လုပ်မှုနဲ့ တင်သွင်း မှုပေါင်းပြီး စုစုပေါင်း တန်ချိန် ၂၂ ဒသမ ၈ သန်း ခန့် ရှိနေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းတွေမှာ ဆုံးရှုံးမှုနဲ့ အလေ အလွင့်တွေက တန်ချိန် ၅ သန်းခန့် ရှိနေလို့ ဈေးကွက်ရရှိနိုင်မှုမှာ တန်ချိန် ၁၇ သန်းခန့်ရှိတဲ့အတွက် တစ်နှစ်ကို လူတစ်ဦးပဲရရှိနိုင်မှုက ၁၃ ဒသမ ၅ ကီလိုသာရှိနေတယ်လို့လည်း သုံးသပ် ထားပါတယ်။
ဒါ့အပြင် အိန္ဒိယနို င် ငံ မှာ ရှိ တဲ့ လူတန်း စား အလွှာ အသီးသီးရဲ့ စားသုံးမှု ပုံစံမတူညီမှုတွေကိုလည်း ထည့်သွင်း တွက်ချက်ရဦး မယ်လို့ ဆိုပါတယ်။ လူဦး ရေရဲ့ သုံးပုံတစ်ပုံက ဝင်ငွေမြင့်ကြတဲ့ အတွက် လူတစ်ဦးတစ်နှစ်ကို ပဲ ၂၀ ကီလိုေ ကျာ် စားသုံးပြီး သုံးပုံတစ်ပုံသော အောက်ခြေ လူတန်းစားများက ၆ ကီလို- ၇ ကီလိုခန့်သာ စားသုံးနိုင် တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အောက်ခြေလူတန်းစားတွေဟာ အာ ဟာရဓာတ်မပြည့်ဝမှုနဲ့ ရင်ဆိုင်နေရပါ တယ်။ ၂၀၁၃-၁၄ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ရဲ့ ကုလားပဲထွက်ရှိမှုက တန်ချိန် ၉ ဒသမ ၈ သန်းခန့်ထိ စံချိန်တင် မြင့် တက်လို့ ပြီးခဲ့တဲ့နှစ်ထွက် ရှိတဲ့ တန်ချိန် ၈ ဒသမ ၈ သန်းထက် ပိုမိုလို့နေပါ တယ်။ အစိုးရ အေဂျင်စီတွေက မည် သည့်ထောက်ပံ့မှု မျိုးမှမရှိတာကြောင့် ကုလားပဲဈေးက ၂၀၁၃-၁၄ မှာသတ် မှတ်တဲ့ အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၃၁၀၀၀ အောက် မှာပဲရှိ လို့နေပါတယ်။ ပဲမျိုးစုံ ထုတ်လုပ်မှု မြင့်တက်တဲ့တိုင် အိန္ဒိယမိုးပဲထုတ်လုပ် မှုက တစ်ဟက်တာ ပျမ်းမျှအထွက်နှုန်း ကီလို ၅၀၀ခန့်နဲ့ တန်ချိန် ၆ သန်းခန့်မှာ တန့်နေပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ ပဲတင်သွင်း မှုအပေါ်မှာ ဆက်ပြီးအားထားနေရအုံး မှာဖြစ်ပေမဲ့ သတင်းကောင်းအနေနဲ့ လာမယ့် ၂၀၁၄-၁၅ ရာသီမှာ ကမ္ဘာ့ပဲ မျိုးစုံ ထုတ်လုပ်မှု အလားအလာဟာ ကောင်းနေပါတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကနေဒါနဲ့ အမေရိကန်တို့ က ပဲလုံး၊ ပဲပြားနဲ့ ပဲနီလေးအမြောက် အမြား ထွက်ရှိဖွယ်ရှိနေပါတယ်။ ပဲရရှိ နိုင်မှုများခြင်းနဲ့ အတူ ဈေးနှုန်းက လည်း စားသုံးသူ ဝယ်ယူနိုင်မယ့်ဈေးနှုန်းမှာ ဆက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကမ္ဘာ့ဈေးကွက်က အိန္ဒိယရဲ့ ပဲထွက်ရှိ မှုအပေါ် အများကြီးတည်မှီနေပါတယ်။ မုတ်သုန် မိုးပုံမှန်အောက် ရောက်ရှိမယ့် ခန့်မှန်းချက်များနဲ့အယ်နီညိုကျရောက် မှု ခြိမ်းခြောက်ခြင်းတွေက ယခုနှစ် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ဟာ မြင့် တက်လာလိမ့်မယ်လို့ မျှော်မှန်းထား ပါတယ်။ အိန္ဒိယ ပဲတင်သွင်းသူတွေက ဇူလိုင်လကနေ အောက်တိုဘာလအထိ ဆက်တိုက်ကျရောက်မယ့် ဥပုသ်လနဲ့ ဟိန္ဒူပွဲတော်ရာသီအတွင်း ဝယ်လိုအား မြင့်တက်မယ့် အလားအလာတွေအရ အဓိကအားဖြင့် ပဲဝါလေးနဲ့ ပဲရာဇာ ကိုကြို ဝယ်ယူ မှုတွေရှိနေပါပြီ။ အိန္ဒိယ မိုးပဲအထွက်က ပြီးခဲ့တဲ့နှစ် ပမာဏ အောက်လျော့မယ်ဆိုရင်တောင် ကမ္ဘာ တစ်ဝန်းရောင်း ချမှုက အလျှံပယ်ရှိ နေပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေး ကုန်စည် ဈေးကွက် ပြောင်း၊ ဂျုံ၊ ဆီထွက် သီးနှံနဲ့ ဆီစတာတွေ ကရောင်းချမှုများပြီးယခု နှစ်ဈေးနှုန်းလည်းသက်သာမယ့်အလား အလာရှိနေပါတယ်။ ပဲမျိုးစုံ ကတော့ ကမ္ဘာ့စိုက်ပျိုးရေးေ ဈးကွက်တွေ နဲ့ဆန့်ကျင် နေဖွယ်မရှိဘူးလို့ ခန့် မှန်းထားပါတယ်။