Main menu

Background

လွိုင်ကော် ကုန်စည်ဒိုင် အသက်ဝင်လှုပ်ရှားရေး ဆွေးနွေး

Mon, 07/07/2014 - 08:35 -- ydnar

 
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၁၄း၀၀ နာရီက ကယားပြည် နယ် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးနဲ့ အဖွဲ့ဟာ လွိုင်ကော်မြို့ လောဓမရပ်မှာ ရှိတဲ့ ကယားကြီးပွားတိုးတက်ရေး အများပိုင် ကုမ္ပဏီရုံးခန်းမှာ ကယား ပြည်နယ်၊ လွိုင်ကော်ကုန်စည်ဒိုင်မှ တာဝန်ရှိအလုပ်အမှုဆောင်အဖွဲ့နဲ့ သွားရောက် ကွင်း ဆင်းတွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပြည်နယ်ဦးစီးမှူးက လွိုင်ကော် ကုန်စည်ဒိုင်အနေနဲ့ ဖွဲ့စည်း ပြီးသည်မှာ ကြာပြီဖြစ်ပေမဲ့ မြေနေရာ မရသေးကြောင်း၊ ဒါပေမဲ့ ကုန်စည်ဒိုင် မှာမြေနေရာမရ၊ရုံးခန်းမရှိပေမဲ့ အခြား ကုန်စည်ဒိုင်တာဝန်တွေ ဆောင်ရွက်လို့ ရတာတွေ အများကြီးရှိကြောင်း၊ ဈေး နှုန်းမှန်ကန်မှု ရှိမရှိ၊ အရောင်းအဝယ် မှန်ကန်မှုရှိမရှိ၊ ကုန်ပစ္စည်း မှန်ကန်မှု ရှိမရှိ နဲ့ ဈေးကွက်မှန်ကန်မှုရှိမရှိတွေကို အဖွဲ့ငယ်ကလေးတွေဖွဲ့ပြီး ပွဲရုံတစ်ရုံပြီး တစ်ရုံ အလှည့်ကျ ကွင်းဆင်း စစ်ေ ဆး ပေးနိုင်ကြောင်း ၊ပွဲရုံတွေရောက်ရင်လည်း လာရောက် ဝယ်သူများ လာရောက် ရောင်းချတဲ့တောင် သူများကို လည်းေ တွ့ နိုင်ကြောင်း၊သူတို့ဆီကနေ စိုက်ပျိုးရေးအခြေအနေတွေ၊ ဒေသ အခြေအနေ များကိုလည်း သိရှိနိုင်ကြောင်း၊ ရုံး မှ ဈေးနှု န်းမေး လို့ ဖြေကြား ရာမှာလည်း ဈေးနှုန်းတစ်ခုကိုပဲ သိချင်တာမဟုတ်ဘဲ မနေ့ကဈေးထက်တက်ရတဲ့အကြောင်း၊ ကွာသွားရ င်လည်း ကွာရတဲ့အကြောင်း များကိုပါ ရှင်းပြစေလိုကြောင်း၊ ပွဲရုံ တွေကို အဖွဲ့လိုက် လှည့်လည်ရင်းနဲ့ အလေး တင်းတောင်း မှန်ကန်မှု ရှိမရှိ၊ အချိန်အတွယ် မှန်ကန်မှုရှိမရှိ၊ ငွေပေး ငွေယူ မှန်ကန်မှု ရှိမရှိတို့ကို စစ်ဆေး ကြပ်မတ်ပြီးသားဖြစ်ကြောင်း ဦးစွာ ရှင်း လင်း ပြောကြားပါတယ်။ ကယားပြည်နယ်ရဲ့ နေ့စဉ်ထွက် ကုန်က အခြားတိုင်းဒေသကြီးများလို အုံနဲ့ကျင်းနဲ ပမာဏများများထွက်တဲ့ သီးနှံမရှိလို့ ကုန်စည်ဒိုင်မှာပဲ ရောင်းရ ဝယ်ရမယ်လို့ သတ်မှတ်လို့မရကြောင်း၊ ဒါကြောင့် ရောင်းဝယ်ကြတဲ့ နေရာတွေ မှာပဲ ကုန်စည်ဒိုင် က လိုက်လံကြပ်မတ် ပေးနိုင်ကြောင်း၊ယနေ့ခေတ်က သတင်း ခေတ်ဖြစ်လို့ လူတိုင်းလက်ထဲမှာ တယ် လီဖုန်းတွေရှိနေလို့ ကုန်စည်ဒိုင်ရုံးခန်း ကြီးမရှိရင်လည်း အလုပ်ဖြစ်အောင်လုပ် လို့ရကြောင်း၊ ဒီလိုနဲ့နေ့စဉ် ဈေးနှုန်းပြန် တမ်းတွေ လုပ်ဆောင် မှုတွေ ထုတ်ပေး နိုင်ရင် လွိုင်ကော်ကုန်စည်ဒိုင် အသက် ဝင်လှုပ်ရှားလာပြီလို့ သိရှိကြမှာဖြစ် ကြောင်း ၊ ပြည်နယ် ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ချင်စိတ် စေတနာကလေးရှိဖို့ပဲ လိုပါကြောင်း ရှင်း လင်းဆွေးနွေး ခဲ့ပါ တယ်။ ရန်ကုန်မှာ ရန်ကုန် ကုန်သွယ်မှု စင်တာ ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘက် ပေါင်းစုံနဲ့ လိုအပ်သလို ချိတ်ဆက်ပေး မှာဖြစ်ကြောင်း၊ စာကြည့်တိုက်နဲ့ အင် တာနက်ကလည်းရှာကြည့်နိုင်ကြောင်း၊ ထုတ်ကုန်တွေလည်းပြသပေးထားကြောင်း၊ အလားတူ ဒီလိုပြခန်းမျိုး လွိုင်ကော်မှာ လည်း ကန္နရဝတီ ကုန်သွယ်မှုစင်တာ ဖွင့်လှစ်ဖို့ရှိကြောင်း၊ ယခုလည်းရုံးမှာ ADSL တပ်ဆင်ထားပြီး ဖြစ်လို့ အင် တာနက်ကနေ ကုန်စည်သတင်း၊ ကုန် သွယ်မှု အချက်အလက်များ ရှာဖွေလို သူများ လာရောက်လေ့လာ ဖတ်ရှုနိုင် ကြောင်း၊ မယ်စဲ့မြို့နယ်မှာ နယ်စပ် ကုန် သွယ်ရေးစခန်း အဆောက်အဦ ဆောက်လုပ်ပြီးစီးပြီ ဖြစ်လို့ ဖွင့်လှစ် ဖို့ပဲကျန်တော့ကြောင်း၊ မယ်စဲ့နယ်စပ် ကုန်သည်ကြီးများအသင်းလည်း ဖွဲ့စည်း ထားဖို့လိုကြောင်း၊ အဲဒီလိုဖွဲ့စည်းဖို့ဆိုရင် ကယားပြည်နယ်ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းမှ ကြီး ကြပ် ဖွဲ့စည်းရမှာဖြစ်လို့ ကိုယ်တိုင်က ကျစ်ကျစ်လျစ်လျစ်နဲ့ခိုင်မာဖို့လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုစခန်းလမ်းကြောင်း များ တရားဝင် ဖွင့်လှစ်ပြီးရင် ကယား ပြည်နယ်ရဲ့ ကုန်သွယ်မှုလုပ်ငန်းများ တစ်ဟုန်ထိုးတိုး တက်တော့မှာမြ င်ယောင် ကြောင်း၊ ဒါကြောင့်ကုန်စည်ဒိုင်များ၊ အသင်းအဖွဲ့များကလည်း ကြိုတင် သက်ဝင်လှုပ်ရှားနေဖို့လိုကြောင်းတို့ကို ရှင်း လင်းေ ဆွးနွေးခဲ့ပါတယ်။ လွိုင်ကော် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသိန်းမြင့်မှလည်း ယခုလို အလုပ်အမှု ဆောင်အဖွဲ့သာမက ကုန်သည် အားလုံး ကို ယခုဆွေးနွေးချက်များကို အသိပေး လိုသဖြင့် ရက်တစ်ရက် ချိန်းဆိုကာ ယခုလို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြား ရှင်းပြစေလိုကြောင်း၊ ကုန်စည်ဒိုင် အဖွဲ့ ကိုလည်း အမှန်တကယ် ကိုင်တွယ် ရောင်းချ လုပ်ကိုင်နေကြတဲ့ ကုန်သည် ပွဲစားများ ကိုယ်တိုင်ပါဝင်တဲ့အဖွဲ့မျိုး ဖြစ်အောင် ပြန်လည်ရွေးချယ်ဖွဲ့စည်း ပေးစေလိုကြောင်းတို့ကို ပြန်လည်ဆွေး နွေးမေးမြန်းကြပြီး ဆွေးနွေးတင်ပြ ချက်များကို ကယားပြည်နယ် အစိုးရ အဖွဲ့သို့တင်ပြပြီး ဆက်လက်ဆောင်ရွက် သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။