Main menu

Background

ပြည်ပဝယ်လက်ကြောင့် အဝင်ရှိသလောက် ပြန်ထွက်တဲ့ အောင်ပန်းချင်း ဈေးကွက်

Mon, 07/07/2014 - 08:52 -- ydnar

 
မြန်မာနိုင်ငံရဲ့ တစ်နံတလျားသာမက ပြည်ပကိုပါ စီးဆင်းနေတဲ့ ချင်း/နနွင်း တွေကတော့ ရှမ်းပြည်နယ်က အဓိကထွက် ပါ တယ်။ ပြည်တွင်းစားသုံးမှုရော၊ ပြည်ပ စားသုံးမှုအတွက်ပါ အရေးပါတဲ့ ချင်းသီးနှံက တစ်နှစ်ကို နှစ် ခါ ဖော်လို့ရ တဲ့ သီးနှံ ဖြစ် ပါတယ်။ ချင်းသီးနှံရဲ့သဘာဝက စိုက်ပျိုးပြီး နှစ်လ၊ သုံးလအကြာမှာ ဥဟောင်း (ဥမ) များကို ပြန်လည် တူးဖော်ရ ပါတယ်။ ဧပြီလမှာစိုက်တဲ့ချင်းကို ဇူလိုင်လမှာ ပြန်ဖော်ကြပြီး၊ မေလမှာ စိုက်တဲ့ချင်းတွေ ကတော့ သြဂုတ်လမှာဖော်ကြရပါတယ်။

၂၀၁၂ မှာ ချင်းဈေးနိမ့်ခဲ့ပေမဲ့ ၂၀၁၃-၂၀၁၄ မှာတော့ ဈေးကပြန်ပြီး ကောင်းခဲ့ပါ တယ်။ ဒီနှစ်လည်း ချင်းဈေးကောင်းတာကြောင့် ချင်း တက်တွေ ပစ္စည်းပြတ်တဲ့ အချိန်မှာ ချင်း (ဥမ) တွေက ဈေးကွက်ကို ကွက်တိဝင်လာပါတယ်။ အောင်ပန်း ဈေးကွက်မှာ ချင်းစိုတွေ အဝင်များနေပါတယ်။ အဝင်များသလို Export ရှိနေတာ ကြောင့် ဝင်သလောက်ပြန်ထွက်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဝယ်လက်က တော့ စစ်တွေဝယ်လက်ဖြစ်ပါတယ်။ ဥမကတစ်ပိဿာ ၁၂၀၀ ကျပ်ဈေးနဲ့ဖွင့်ခဲ့ပြီး၊ ဒီတစ်ပတ်မှာ တစ်ပိဿာ ၁၂၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းဟောင်းကတော့ တစ် ပိဿာ ၂၂၀၀ ကျပ်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ဇွန်လမှာ ချင်း(ဥမ) တွေစပြီးဝင်ပေမဲ့၊ ဟိုပုံးဈေးကွက်မှာတော့ ဇူလိုင်လမှာ စပြီးဝင် လာပါ တယ်။ စပြီးဝင်ကာစမို့ အဝင် လည်းနည်းပြီး ဈေးကလည်း ၁၂၈၀ ကျပ်နဲ့စပြီးဖွင့်ပါတယ်။ ချင်းဟောင်းကတော့ လက်ကျန်လုံး၀ မရှိတော့ ဘဲ တစ်ပိဿာ ၁၈၀၀ ကျပ်၊ ၂၀၀၀ ကျပ်နဲ့ ဈေးပိတ် သွားပါတယ်။ ချင်း (ဥမ)က ပိဿာ ၁၀၀၀ စိုက်ရင် ၅၀၀ ခန့်သာပြန်ရ တာကြောင့် ခန့်မှန်းခြေ သြဂုတ်လကုန်အထိသာ ပစ္စည်းရှိနိုင်ပါတယ်။ ချင်းတက်ကတော့ အစိုက်စောတဲ့ အောင်ပန်းမှာ ၁၀ လပိုင်းခန့် မှာစပြီးထွက်နိုင်ပေမဲ့၊ အစိုက်နောက်ကျ တဲ့ ဟိုပုံးမှာတော့ ၁၂ လပိုင်းမှသာ စထွက်နိုင်တယ်လို့သိရပါတယ်။ ချင်းခြောက် တွေ လက်ကျန် ရှိနေပေမဲ့ အရောင်းအဝယ်ကအေးနေပြီး၊ တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းကိုလည်း စစ်တွေ ဝယ်လက်ကပဲ ဝယ်နေတာကြောင့် အရောင်းအဝယ်က ခပ်သွက်သွက်ဖြစ်နေပြီး တစ်ပိဿာ ၁၂၅၀ ကျပ်ဈေး ရှိပါ တယ်။