ဒီတစ်လတော့ ရှမ်းနနွင်းက အရောင်းပြန်ထိုင်းနေပါ တယ်။ အရင်အပတ်တွေက ရန်ကုန်ဝယ် လက်နဲ့ လှောင် လက် တွေ အဝယ် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အဲဒီဝယ်လက်တွေက ခဏနားသွားပါ တယ်။လောလော ဆယ်တော့ ဈေးပတ် သမား တွေ သာအဝယ်ရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အဝင်ကပြန်နည်းသွားပါတယ်။ နနွင်းကတော့ ၂၀၁၂ ထဲက စပြီး ဆက် တိုက်ဈေးကျခဲ့ပါတယ်။ ၂၀၁၃ မှာလည်း အကျ ဈေးနဲ့သာ
ခပ်နှေးနှေးအရာင်းအဝယ်ဖြစ်ခဲ့ပြီး၊ ၂၀၁၄ နှစ်ဆန်း ကျမှအရောင်း အဝယ်နည်းနည်းပြန်ကောင်းလာပြီး ဈေးလည်း အနည်းငယ်ပြန်တက်လာပါတယ်။ တရုတ် ဝယ် လက် တွေကအရည် အသွေးကောင်းတဲ့ ဆင်တောင်နနွင်းကို အဓိက ထားပြီး ဝယ်ကြပါတယ်။ ဆင်တောင်နနွင်း က အရည် အသွေး ကောင်းပြီး အဆီထုတ်ရင်လည်း ပိုပြီး ထွက်တာကြောင့် အရောင်တင်ဆီအဖြစ် အသုံးပြုဖို့အတွက်လည်း ဝယ်ယူကြ တာလို့ဆိုပါတယ်။ ဒါပေမဲ့ နှစ်နှစ်၊ သုံးနှစ်ခန့် ဈေးမကောင်း ခဲ့တာကြောင့် နနွင်းတောင်သူတွေက ဒီနှစ်မှာ နနွင်းကိုလျော့ စိုက်ကြလို့ ဆင်တောင် နနွင်း ကလည်း အထွက်နည်းသွားပါ တယ်။ ဒါပေမဲ့ ဝယ်လက်တွေကတော့ အခုချိန်ထိ ချင်းဝယ် သလိုမျိုး အလုံးအရင်းနဲ့ မဝယ်ကြသေးပါဘူး။ ဟိုပုံးဈေးကွက် မှာ နနွင်းလက်ကျန်က ပိဿာချိန် ၅ သိန်းခန့် ကျန်ရှိနေပါ သေးတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေးတွေ ကတော့ အောင်ပန်းဈေးကွက်မှာ အနိမ့်ဆုံး ၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၀၀ ကျပ်ဈေးရှိပြီးဟိုပုံးနနွင်း ကတော့ တစ်ပိဿာ ၁၀၅၀ ကျပ်၊ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။