Main menu

Background

မူဆယ် ၁၀၅ မိုင်မှ ပရဆေးကုန်ကြမ်း တန် ၁၀၀၀ ကျော် တင်ပို့

Mon, 07/07/2014 - 09:06 -- ydnar

 
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဇွန်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ကာလ အတွင်းမှာ ကန်ဒေါ် လာ၁ ဒသမ ၆၁၈သန်းဖိုးရှိပရဆေးကုန်ကြမ်း ၁၀၄၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။

ယခင် အပတ်ကထက် ၅၁ တန် ခန့်လျော့ နည်းခဲ့ပါတယ်။ ဇီးဆံ၊ မိကျောင်းကွမ်းဖတ်စေ့၊ ချဉ် ပေါင်ဖာလာ (အခွံပါ)၊ မာလာဥခေါင်း၊ ရွေးရွက်၊ တောင်လုံး ကျော်တို့ ပိုမို တင်ပို့ခဲ့ပြီး ကြက်ဆူစေ့၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ မာလာဥ၊ သရက်ပြားခြောက်တို့ တင်ပို့မှု လျော့နည်းခဲ့ပါ တယ်။ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းဖိုးရှိ တောင်လုံးကျော် ၁၇ တန် တင်သွင်း ခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၃ တန်ခန့် ပိုမိုတင်သွင်းခဲ့ ပါတယ်။