Main menu

Background

သြစတြေးလျပဲမျိုးစုံအထွက်မြင့်တက်မယ်ခန့်မှန်း

Mon, 09/20/2010 - 08:14 -- Anonymous (not verified)

 သြစတြေးလျပဲမျိုးစုံအထွက်မြင့်တက်မယ်ခန့်မှန်း ဲ    သြစတြေးလျရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဆောင်းသီးနံှထွက်ရှိမှုဟာ မနှစ်ကထက် မြင့်တက်ပြီး တန်ချိန် ၄ဝ ဒသမ ၇သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သီးနံှများစွာအနက် ပဲမျိုးစုံဟာ ယခင်နှစ်က တန်ချိန် ၁ ဒသမ ၈၅ သန်းရှိခဲ့ရာမှယခုနှစ်မှာတန်ချိန် ၂ဒသမ ၃၄၄သန်းကိုမြင့်တက်ဖွယ်ရှိတယ်လို့ သြစတြေးလျစိုက်ပျိုးရေးနဲ့ အရင်းအမြစ် ဆိုင်ရာ စီးပွားရေးဗျူရို (ABARE )မှ ပြောကြားပါတယ်။ အဓိကတော့ ကုလားပဲဖြူလုံးကြီး အထွက်က တန်ချိန် ၇၉၁၇ဝဝ ထိ ၇၈ရာခိုင်နှုန်းခန့်မြင့်တက်နိုင်တာကြောင့်လို့ဆိုပါတယ်။အဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းမှုက ပျမ်းမျှအထက်မှာ ရှိခဲ့တာကြောင့် အထွက်မြင့်တက်မယ်လို့ ABAREမှ ခန့်မှန်းထားခြင်းဖြစ်ပါတယ်။ နယူးဆောက်ဝေးလ် မှာစိုက်ဧရိယာမြင့်တက်ခြင်းနဲ့ အထွက်နှုန်းက ပျမ်းမျှထက်ပိုနိုင်ခြင်းတို့ကြောင့်စုစုပေါင်း သီးနံှထွက်ရှိမှုဟာ အမြင့်ဆုံးအဖြစ် စံချိန်တင်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင်လက်ရှိ သီးနံှ ဈေးနှုန်းမြင့်တက်ခြင်းနဲ့ သင့်တင့်တဲ့ ရာသီဥတုအခြေအနေရှိနေခြင်းတို့က အထွက်နှုန်း မြင့်တက်အောင် တောင်သူများဓါတ်မြေသြဇာအသုံးချဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ယမင်းခင်Sources: statpub.com