Main menu

Background

နယ်စပ်မှ တင်သွင်းမှု ယခင်အပတ်ထက် ပိုမိုလာ

Mon, 09/20/2010 - 08:32 -- Anonymous (not verified)

နယ်စပ်မှ တင်သွင်းမှု ယခင်အပတ်ထက် ပိုမိုလာ   စက်တင်ဘာလ ၈ရက်မှ ၁၄ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းများမှ ဒီဇယ်ဆီ ၃၈၉ဝ၃ဝ ဂါလန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁ဝ၄ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ၂၄ဝ၈၆၈ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ၁၄၈၁၆၂ ဂါလန် ပိုမိုတင်သွင်းခဲ့ပါတယ်။ဓာတ်ဆီကိုတော့ ယခုအပတ်မှာ ကော့သောင်းနဲ့တာချီလိတ် နယ်စပ်စခန်းများမှ ၁၁၂ဝ၉၇ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၃၅၅၆ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၇၆၉ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်းမှ တင်သွင်းမှု လျော့နည်းခဲ့သော်လည်းတာချီလိတ်မှတင်သွင်းမှု ပိုမိုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ယခုအပတ်မှာ သဘာဝဓာတ်ငွေ့ရည်ကို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းမှုမရှိခဲ့ဘူးလို့သိရပါတယ်။ ထိုင်းဘက်မှ ဓာတ်ဆီ ၁ ဂါလန် ၂ ဒသမ ၈၅ ဒေါ်လာ ပေါက်ပါတယ်။MIRT (DOBT)