Main menu

Background

ပစ္စုပ္ပန်ရော သံသရာပါကောင်းကျိုးပြုတဲ့ ကြက်သွန်နီ

Fri, 07/18/2014 - 07:16 -- ydnar

ဇူလိုင်လရဲ့ ပထမ ၁၀ ရက်အတွင်းမှာ စားဖိုဆောင်သုံး သီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ အတက်ဘက်ကို ဦးတည်လာ တယ်လို့ ပြောရမှာပါ။ ရက်အလိုက်ဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေး နှုန်းနဲ့ အဝင်တွေကို လေ့လာကြည့်ရင်-
 
နေ့စွဲ      အဝင်ပိဿာချိန်                                   တစ်ပိဿာ(ကျပ်) ထိပ်စ      လတ်စ    အောက်စ၁ .၇ .၁၄   ၃၅၀၀၀        ၄၂၅     ၃၇၅           ၃၀၀၂ .၇ .၁၄    ၇၀၀၀၀       ၄၂၅       ၃၇၅          ၃၀၀၃ .၇ .၁၄    ၈၀၀၀၀      ၄၂၅        ၃၇၅          ၃၀၀၄ .၇ .၁၄    ဥပုသ်၅ .၇ .၁၄    ၁၁၀၀၀၀    ၄၅၀         ၄၀၀         ၃၂၅၆ .၇ .၁၄    ၇၅၀၀၀      ၄၅၀         ၄၀၀        ၃၂၅၇ .၇ .၁၄    ၇၅၀၀၀    ၄၇၅           ၄၅၀        ၃၅၀၈ .၇ .၁၄    ၁၄၀၀၀    ၄၇၅           ၄၅၀        ၃၅၀

၉ .၇ .၁၄    ၉၀၀၀၀    ၄၇၅           ၄၅၀        ၃၅၀ ဖော်ပြပါဇယားအရ အဝင်သွက်လာသလို ဈေးလည်း တက်လာတာကိုတွေ့ရပါတယ်။ဇူလိုင် ၈ ရက် တစ်နေ့တည်းပဲ ပိဿာချိန် ၁၄၀၀၀ လောက်ဝင်တာကို လေ့လာကြည့်တော့ ပေါက်မြို့နယ်ရဲ့ ကြက်သွန် စိုက်ပျိုးထွက်ရှိရာ တောင်ဘက် ပိုင်း၊ မြောက်ဘက်ပိုင်းတွေမှာ မိုးလေဝသအခြေအနေကြောင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲသွားလို့ အဝင်နည်းတာလို့ သိရပါတယ်။ဘာကြောင့် ဈေးတက်သွားတာလဲ စုံစမ်းကြည့်တော့ ပြည်ပအဆွဲရှိတယ်။ ဒါကြောင့်လည်း ပါတယ်၊ ပြည် တွင်း အသုံးကလည်း ဝါဝင်တော့မဲ့ ကာလမှာ အခါကြီးရက်ကြီး ပြည်တွင်းနေရာအနှံ့အပြားက အလှူဒါနပြုကြ သူတွေ အထူး သဖြင့် ဝါဆိုသင်္ကန်းကပ်လှူပွဲတွေ ရှိနေတော့ ပြည်တွင်း အသုံးများလို့လည်း ဈေးတက်တာလို့ ခန့်မှန်းကြပါတယ်။ လာရောက်ရောင်းချကြတဲ့ တောင်သူတွေကို စုံစမ်း မေးမြန်းကြည့်တော့ ကြက်သွန်ဆိုတာ သူကာလနဲ့သူ နည်း နည်းခြင်းလျော့နေတဲ့ အမျိုးပါ။ ဧပြီလနောက်ပိုင်းနဲ့ မေလမှာ လှိုင်လှိုင်ပေါ်တဲ့ ကြက်သွန်၊ သိုလှောင်ကာလ နှစ်လကျော်၊ သုံးလနီးပါးမှာ ထိုက်သင့်တဲ့အခွံကွာ၊ အရည်စစ်၊ အလျော့ ရှိပါတယ်။ ဒါပေမဲ့ အောက်စဈေးတစ်ပိဿာ ၃၅၀ ကျပ် ရောင်းရပြီ ဆိုကထဲက ရောင်းသူတွက်ခြေကိုက်ပါတယ်။ အောက်စ ဆိုရာမှာ ချက်ပြုတ်စားသောက်ရာမှာ သုံးကြသလို မိုးကြက်သွန် စိုက်ရာမှာအသုံးပြုဖို့ ကျမ်းကျွံ မျိုးဥအဖြစ်လည်း ဝယ်ယူမှု ရှိနေတယ်ဆိုတာကိုပါ ပြောပြပါတယ်။ ကာလတစ်ခုမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့ ရောင်းချကြ ရတော့၊ ရောင်းချသူတွေ အဆင်ပြေကြောင်း ပြောပါတယ်။ သူတို့ကလည်း ကြက်သွန်ရောင်းချလို့ ရတဲ့ငွေနဲ့ ရွာမှာ တစ် ဦးချင်းလိုက်ဖြစ်စေ၊ ဆွေမျိုးအုပ်စုလိုက်ဖြစ်စေ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြမှာမို့ သင်္ကန်းဝယ်သူ၊ ဆန်ဝယ်သူ၊ ပဲ ဝယ်သူ၊ ငါးခြောက်ငါးခြမ်းဝယ်သူ၊ လိုအပ်တဲ့ လှူစရာပစ္စည်း ဝယ်သူတွေနဲ့ ပြုံးလို့ပျော်လို့ပါ။ နဖူးမှာ ချွေးစို့လို့ မောတာ ပန်းတာ ဖြစ်နေကြပေမဲ့ ပြုံးလို့ ရွှင်လို့ ပျော်လို့ပါ။ ကျွန်တော် က တောင်သူတွေကို ပြောပါတယ်''ဒါဆိုရင် ကြက်သွန်နီ ဟာ ဒီနှစ်အဖို့ ခင်ဗျားတို့အတွက် ပစ္စုပ္ပန် သံသရာ နှစ်မျိုးစလုံး အကျိုးပြုတယ်ဆိုရမှာပေါ့''...လို့။ကျွန်တော့်စကားလည်း ဆုံးရော အားလုံးက ဟုတ်တယ် ဆရာရေ၊ ဆရာပြောသလို ပစ္စုပ္ပန်သံသရာ နှစ်မျိုးစလုံး အကျိုးပြုပါတယ်လို့ တစ် ပြိုင် တည်းပြောကြပါတယ်။ .. မုဒိတာ ပွားနိုင်ကြပါ စေ....။