Main menu

Background

ဗီယက်နမ်၊ ထိုင်းအပြင် ချီလီနိုင်ငံကပါတင်သွင်း

Mon, 09/20/2010 - 09:02 -- Anonymous (not verified)

ဗီယက်နမ်၊ ထိုင်းအပြင် ချီလီနိုင်ငံကပါတင်သွင်း     ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၂၆၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ၇၃၅၉ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မြေသြဇာ ၂ဝ၇ တန်အဝင်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ချီလီ ၊ ထိုင်းနဲ့ ဗီယက်နမ်ဘက်ကအဝင်ရှိခဲ့ပါတယ်။ ချီလီနိုင်ငံက ပိုတက်ဆီယမ်ပါဝင်တဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၁၂ဝကို တစ်တန်လျှင် စီအိုင်အက်ဖ်တန်ဖိုး ကန်ဒေါ်လာ ၂၆ဝဖြင့် တင်သွင်းလာခဲ့ပါတယ်။