Main menu

Background

နနွင်းတန်ချိန် တစ်ရာ တင်ပို့

Tue, 07/22/2014 - 08:55 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်နေ့ တာကာလအတွင်း နနွင်းတန်ချိန် ၁၀၀ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းသို့ ၃ တန်နဲ့ စင်ကာပူနိုင်ငံသို့ိ ၉၇ ဒသမ ၉၉၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်း တင်ပို့ခဲ့တဲ့ တန်ချိန်မှာ ခြောက်ဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် သုံးဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၄၈၅၇ ဒသမ ၇၈ ဒေါ်လာဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။