Main menu

Background

နယ်စပ်အပို့ သြဂုတ်လမှာ ဇူလိုင်လထက်လျော့

Mon, 09/20/2010 - 09:55 -- Anonymous (not verified)

 နယ်စပ်အပို့ သြဂုတ်လမှာ ဇူလိုင်လထက်လျော့      သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှမ်းရောင်စုံ ၄၉၇ ဒသမ ၈၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လလုံး နှမ်းတန်ချိန် ၂၉၂၉ တန် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၄၈၄၆တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ နှမ်းရောင်စုံ ၁၉၁၇ တန်ဇူလိုင်လကထက် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နှမ်းရောင်စုံတန်ချိန် ၁၄၁ဝဝ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြေပြင်နှမ်း ပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                       မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု           ယခင်     ပြောင်းလဲမှု   %        ယခု       ယခင်      ပြောင်းလဲမှု     %နှမ်းဖြူ               ၁၁၂၇၂၈၆     ၁၁၃၃၄၇၇     ၆၁၉၁      ဝ .၅    ၁၄၄၆       ၁၃၄ဝ         ၁ဝ၆       ၇နှမ်းနက်            ၁၂၇၃၄၄၂     ၁၃ဝ၁၁၄ဝ    ၂၇၆၉၈       ၂       ၁၆၈၃      ၁၃၉၉         ၂၈၄      ၁၇MIRT (DOBT)